Part 10: မောင့်ပဒိုင်းငယ်

3.1K 267 7
                                        

သက်​ပြင်းကို မသိမသာ ခိုးချလိုက်​ရင်း ကျွန်​မ​ရှေ့မှ အနှီလူသားသို့ မျက်​လုံး​လေး မသိမသာ လှန်​ကြည့်​ လိုက်​သည်​။

ပန်းငယ်​တစ်​ပွင့်​ဖြင့်​ အလုပ်​ရှုပ်​​နေ​သော ထိုလူသားက ကျွန်​မကို အာရုံ​​တောင်​ ရှိပုံမရသဖြင့်​ လက်​ထဲတွင်​ ကိုင်​ထား​သော စာအုပ်​ကိုသာ အ​တော်​ ​လေး အားနာမိသွားသည်​။

ရုတ်​တရက်​ ထွက်​​ပေါ်လာ​သော ​လေ​ပြေငယ်​​လေး​ကြောင့်​ ကျွန်​မ၏ ​ရှေ့ဆံပင်​များ အနည်းငယ်​ လှုပ်​ခါ သွားကို ခံစားလိုက်​ရသည်။

"ဟတ်​ချိုး "

မြူးထူးစွာ လွင့်​​မျောလာ​သော အဖြူ​ရောင်​ ပန်းမှုန်​ ​လေးများ​၏ ​ကျေးဇူး​တော်​​ကြောင့်​ စာကြည့်​တိုက်​ အတွင်း ကျွန်​မ နှာ​ချေသံက ဟိန်းထွက်​၍ သွားသည်​။

"မင်းရဂုံ"

"ဗျာ"

ကျွန်​မ၏ အံကြိတ်​ကာ ​ခေါ်လိုက်​​သော အသံကို သူက သကာရည်​ဆန်းထား​သော အသံဖြင့်​ ညင်​ညင်​သာသာ ပြန်​ထူးသည်​။

"မင်း ​အ​နှောင့်​အယှက်​ ​ပေးမယ်​ဆို ထွက်​သွား "

"Dandelion ပန်း​လေး​တွေက ဆု​တောင်းပြည့်​ တယ်​ဆိုတာ တကယ်​ပဲကိုး

ခုနတုန်းက မ ကျွန်​​တော့်​ကို အဖက်​လုပ်​ပါ​စေလို့ ဆု​တောင်းပြီး ​လေနဲ့မှုတ်​လိုက်​တာ မ ကျွန်​​တော့်​ကို ချက်​ချင်း စကား ပြန်​​ပြော​ရော "

ဒဏ္ဍာရီလာ ဇာတ်​လမ်းတစ်​ပုဒ်​ကို ​ပြောပြသလိုမျိုး ဟန်​ကျပန်​ကျ အမူအရာ အပြည့်​နှင့်​ ​ပြော​နေ​သော သူ့ဆီမှ အကြည့်​ပြန်​လွှဲ လိုက်​သည်​။

ဒီအချိန်​ကာလအတွင်း ကျွန်​မ သည်​လည်း သူ၏ မျက်​​နှာ​ပြောင်​မှုနှင့်​ အ​တော်​ပင်​ အသားကျ​နေ​ချေပြီ။

"ရိုမီရိုနဲ့ ဂျူးလိယက်

မ လိုလူက ဒါမျိုး ဖတ်​တယ်​"

အမှန်​တကယ်​ တအံ့တသြ ​ပြော​နေ​သော သူ့ကို ကျွန်မ မကြည်​ကြည့်​လိုက်​သည်​။

"ငါ ဖတ်​လို့မရဘူးလို့ ဘယ်​သူက ဥပ​ဒေ ထုတ်​ထား လို့လဲ"

"မ ပုံစံက စိတ်​ကူးယဉ်​ ဆန်​ဆန်​​တွေကို သ​ဘောမကျ ဘူးလို့ ထင်​လို့ပါ။"

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Donde viven las historias. Descúbrelo ahora