အခန်း ၆၈၁ လူသတ်မှု၊ မတော်တဆမှုမဟုတ်ဘူး

1.5K 161 1
                                    

[Unicode]
အခန်း ၆၈၁ လူသတ်မှု၊ မတော်တဆမှုမဟုတ်ဘူး

ထန်ဟိုင်ဖုန်း၏ကိုယ်ရံတော်နှင့် ထန်ယွင်ဟန်၏အတွင်းရေးမှူးတို့ကို ကုနင်းအမိန့်ပေးလိုက်သည်။ သူမတွင် ထိုသို့အမိန့်ပေးနိုင်သည့် အာဏာမျိုးမရှိသော်လည်း အခုက အထူးအခြေအနေဖြစ်နေသည်။

ထန်ဟိုင်ဖုန်း၏ကိုယ်ရံတော်ကတော့ ထွက်သွားခဲ့ကာ ထန်ယွင်ဟန်၏အတွင်းရေးမှူးသည်တော့ ထန်ယွင်ဟန်၏အမိန့်ကိုသာ နာခံသူဖြစ်တာကြောင့် မတ်တပ်ရပ်နေစဲပင်။ ထန်ယွင်ဟန်သူ့ကို ခေါင်းညိတ်ပြလိုက်ကာမှ အပြင်သို့ထွက်သွားခဲ့သည်။

နှစ်ယောက်လုံးအပြင်ရောက်ကာ တံခါးပြန်ပိတ်လိုက်ပြီးကာမှ ကုနင်းက၊

           “အဖိုး၊ မျက်လုံးဖွင့်လို့ရပါပြီ။”

ထိုစကားကိုကြားသည်နှင့် ထန်ဟိုင်ဖုန်း ချက်ချင်းမျက်စိများပွင့်လာတာကြောင့် အခန်းထဲမှ လူတိုင်းအံ့အားသင့်သွားကြကာ၊

           “ဘာ-ဘာတွေဖြစ်ကုန်တာလဲ?” ကုနင်းပဲ ထန်ဟိုင်ဖုန်း သတိလစ်နေစဲပါလို့ ပြောထားတယ်မဟုတ်ဘူးလား?

       “တကယ်တော့ အခုကိစ္စက မတော်တဆမှုမဟုတ်ဘဲ လူသတ်ရန်ကြံစည်မှုပါ။ နောက်ကွယ်က အဓိကကြိုးကိုင်သူကို ရှာတွေ့နိုင်ဖို့ အဖိုးကို ရက်ပိုင်းလောက် အဖေ့အခုလုပ်နေသလိုမျိုး သတိလစ်နေသလို ဟန်ဆောင်ထားမှရမယ်။ သမီးတို့ဘက်က အဖိုးအသက်အန္တရာယ်ရှိနေပါတယ်လို့ သတင်းဖြန့်လိုက်ရင် ရန်သူဘက်ကလဲ ရက်ပိုင်းအတွင်း ချက်ချင်း စလှုပ်ရှားလာလိမ့်မယ်။”

လူသတ်ရန်ကြံစည်မှုဖြစ်ကြောင်းသိလိုက်ရသည်နှင့် အားလုံးဒေါသထွက်ကုန်ကြသည်။

“ဒီရက်တွေအတွင်း သမီးတို့မိသားစု ပြဿနာတွေကြုံနေရတယ်ဆိုပေမယ့် ထပ်ပြီးပြဿနာတွေ ပိုမကြီးလာဖို့ တခါတည်း အပြတ်ဖြတ်လိုက်ဖို့ လိုတယ်။” ကုနင်းဆက်ပြောလိုက်သည်။

       ထိုအချိန်တွင်ပဲ လင်ရှောင်းထင်နှင့် ယာဉ်ထိန်းရဲနှစ်ယောက်လဲ ဆေးရုံသို့ရောက်လာခဲ့သည်။          

ဖီးနစ်သွေးစက် Book-4 (ဘာသာပြန်)Where stories live. Discover now