အခန်း ၇၄၄ တုလဲ့ဖုန်း

1.3K 140 0
                                    

[Unicode]
အခန်း ၇၄၄ တုလဲ့ဖုန်း

“ဟိုင်း၊ ကြိုဆိုပါတယ်။”

အရောင်းစာရေးမှာ အသက်၂၀ကျော်လောက်သာရှိသေးပြီး အိပ်ငိုက်နေပုံရကာ သူ့ကိုယ်တစ်ဝက်ကို ကောင်တာပေါ်မှီထားသေးသည်။ ဝယ်သူတစ်ယောက်ဝင်လာလို့လဲ ဘာစိတ်အားထက်သန်မှုမှရှိလာပုံမရပေ။ ဒါကလဲ ဆိုင်ထဲတွင် ဘာပစ္စည်းမှမရှိတာကြောင့်လဲဖြစ်နိုင်သလို ဝယ်သူတွေကလဲ အမြဲတမ်း ဝင်ကြည့်ပြီးသည်နှင့် ပြန်ထွက်သွားတတ်သည်ကို အကျင့်ဖြစ်နေပုံရခြင်းကြောင့်လဲ ဖြစ်နိုင်သည်။

ကုနင်း ဘယ်လိုမှမခံစားရဘဲ ဆိုင်ထဲသို့ဖြည်းဖြည်းချင်းလှည့်ပတ်ကြည့်နေသည်။ ဆိုင်နေရာနှင့် အကျယ်အဝန်ကတော့ သူမသဘောကျပင်ဖြစ်သည်။

“ဒီဆိုင်မှာ ဘာလို့ ပစ္စည်းအသစ်တွေမရှိတာလဲ?” ကုနင်းမေးလိုကသ်ည်။

“အပြင်ဘက်မှာ ဆိုင်ငှားမယ်လို့ကပ်ထားတာမမြင်ဘူးလား? ဆိုင်ကငှားလိုက်တော့မှာလေ။ ပစ္စည်းအသစ်တွေထပ်ဖြည့်ရင် ငွေဖြုန်းတာပဲရှိမှာပေါ့။” လူငယ်က စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

လူငယ်၏စိတ်မရှည်သည့်အပြုအမူကို ကုနင်းစိတ်ထဲမထားပေ။ “မင်းရဲ့ဘော့စ်က ဘယ်မလဲ?”

“ဘာအတွက်မေးတာလဲ?” ကုနင်းက အလွန်ငယ်နေတာကြောင့် ဒီဆိုင်ကို ဝယ်ဖို့လာခြင်းဖြစ်လောက်မည်ဟု မထင်မိပေ။

“ဒီဆိုင်ကငှားမှာမလား? ငါငှားမှာမို့လို့၊ မင်းရဲ့ဘော့စ်နဲ့စကားပြောချင်တယ်။” ကုနင်း ပြုံး၍သာပြန်ပြောလိုက်သည်။

“ဘာ?” ကုနင်း၏စကားကြောင့် လူငယ်၏မျက်လုံးများ ချက်ချင်းလင်းလက်သွားကာ ရုတ်ချည်းပင်ထရပ်ကာ ကုနင်းကိုကြည့်လိုက်သည်။

ကုနင်း၏မျက်နှာကို မြင်တွေ့ သူမကိုရင်းနှီးနေသည်ဟု တွေးလိုက်မိပေမည့် ပြန်မစဉ်းစားနိုင်ပေ။

“မင်း ဒီဆိုင်ကို ငှားမယ်လို့ပြောလိုက်တာလား?”

“ဟုတ်တယ်လေ။”

“မင်းလာနောက်နေတာတော့မဟုတ်ပါဘူးနော်။” လူငယ်မှာ မယုံကြည်သေးပေ။

ဖီးနစ်သွေးစက် Book-4 (ဘာသာပြန်)Where stories live. Discover now