အခန်း ၇၆၁ သေနတ်ပစ်ခံရခြင်း

229 13 0
                                    

[Unicode]
အခန်း ၇၆၁ သေနတ်ပစ်ခံရခြင်း

“နင်းနင်း၊ အဖေတို့မိသားစုကို သမီးလုပ်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။” ထန်ယွင်ဖန်း ပြောလိုက်ရင်း ဒီလိုသမီးမျိုးရှိသည့်အတွက်လဲ အလွန်ဂုဏ်ယူနေမိသည်။ မိသားစုကိုကာကွယ်ဖို့က သူ့တာဝန်ဖြစ်သော်လည်း ကုနင်းက သူတို့အစား ကာကွယ်ပေးမှုများလုပ်ပေးနေတာကြောင့်လဲ အနည်းငယ်အပြစ်ရှိသလိုခံစားနေရပြန်သည်။

သူမလိုအသက်အရွယ်မိန်းကလေးတွေက ကျောင်းတက်ရင်းပညာသင်နေသင့်တယ်ဆိုပေမယ့် ကုနင်းကတော့ အခုထိ သူတို့ကိုကူညီကာ လှည့်ကွက်များစွာကို ဖြေရှင်းပေးနေပေသည်။ ကုနင်းသည်သာမာန်ကောင်မလေးမဟုတ်မှန်း ထန်ယွင်ဖန်း နားလည်ထားပြီးဖြစ်တာတောင်မှ သူမအတွက် သူ့စိတ်ကနာကျင်နေမိစဲပင်။

ကုနင်းပြုံးလိုက်ကာ၊ “အဖေ၊ သမီးတစ်က တစ်မိသားစုထဲပဲကို၊ မိသားစုဆိုတာ အချင်းချင်းကူညီရိုင်းပင်းရမယ်လေ၊မဟုတ်ဘူးလား?”

အစကတော့ ကုမန့်က ထန်ယွင်ဖန်းကို ချစ်နေခြင်းကြောင့်သာ ကုနင်းလက်ခံထားခဲ့ခြင်းဆိုသော်လည်း တဖြည်းဖြည်းနှင့် ဒီလိုမျိုးချစ်တတ်သည့်အဖေမျိုးရှိနေသည်က အတော်လေးကောင်းကြောင်း ကုနင်းခံစားမိလာသည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။” ထန်ယွင်ဖန်း၏မျက်လုံးများမှာ မျက်ရည်များဖြင့် စိုစွတ်လာတော့သည်။

“ဒါနဲ့အဖေ၊ အမေနဲ့အခြေအနေ ဘယ်လိုရှိသွားပြီလဲ?”

ထိုစကားကိုကြားရတော့ ထန်ယွင်ဖန်း ဝမ်းနည်းလာမိပြန်သည်။ “အဖေတို့ တော်တော်လေးအဆင်ပြေပါတယ်၊ ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လို့လဲ?”

“မိသားစုတစ်ခုတည်းလို့ အဖေတို့မခံစားရသေးဘူး။”

ထိုစကားကိုကြားရသည်နှင့် ကုနင်းချက်ချင်းနားလည်သွားသည်။ သူတို့ချင်း အလွန်အဆင်ပြေလှသော်လည်း လက်မထပ်ရသေးတာကြောင့် တရားဝင်အကြင်လင်မယားမဖြစ်ကြသေးပေ။

“အဖေ၊ စိတ်မပူပါနဲ့။ ထန်မိသားစု ဒီကပ်ကာလကြီးကို ဖြတ်ကျော်ပြီးတာနဲ့ အမေ့ကို လက်ထပ်ခွင့်တောင်းလို့ရတာပ။ အမေလဲ သေချာပေါက် လက်ခံမှာပါ!”

ဖီးနစ်သွေးစက် Book-4 (ဘာသာပြန်)Where stories live. Discover now