အခန်း ၇၈၈ မောင်နှမ ဆက်ဆံရေးထက်ပိုသော

1.3K 128 1
                                    

[Unicode]
အခန်း ၇၈၈ မောင်နှမ ဆက်ဆံရေးထက်ပိုသော

“လော့ကျုံးမင်က ကီရင်းဂိုဏ်းရဲ့ အလယ်တန်းအဆင့်မန်နေဂျာတစ်ယောက်ဆိုတော့ သူဖြေရှင်းနိုင်လောက်မယ်လို့ ထင်လိုက်မိတာ။ ဒါပေမယ့် အလှပြင်ဆိုင်ပိုင်ရဲ့အာဏာက ကျွန်တော်ထင်ထားတာထက် ပိုကြီးနေတယ်လေ။” ကျန်းဝမ်ဟောက် ဝမ်းနည်းနေမိသည်။ သူက သူမိသားစုပိုင်ကုမ္ပဏီထဲတွင်ကို ဆိုးဆိုးရွားရွားအရှက်ခွဲခံလိုက်ရတာမဟုတ်လား။

“အလှပြင်ဆိုင်ပိုင်ရှင်က ဘယ်သူမို့လို့တုန်း?” ကျန်းလီလင်းပြန်မေးလိုက်သည်။

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်ပါ။”

“ဘာ? JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်လား?” ကျန်းလီလင်း အလွန်အံ့အားသင့်သွားသည်။

 JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအကြောင်းကို သူကြားဖူးကာ ပိုင်ရှင်ကလဲ ၁၈နှစ်အရွယ်မိန်းမငယ်လေးဖြစ်ကြောင်း သိထားပေသည်။ သူမသည် အတော်လေးငယ်ရွယ်ပေးပေမည့် အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပေပြီ။ ဒါတင်မကသေး သူမ၏အဆက်အသွယ်များမှာ အင်အားကြီးလှကာ သူမ၏လက်ဝတ်ရတနာဆိုင်ဖွင့်ပွဲကိုပင် အထူးပုဂ္ဂိုလ်များစွာ တက်ရောက်ခဲ့ကြသည်။

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းတစ်ခုတည်းဆိုလျှင်တော့ ကျန်းမိသားစုကို ဘယ်လိုမှယှဉ်နိုင်မည်မဟုတ်သော်လည်း ပိုင်ရှင်တွင်က ကျန်းမိသားစုထက် ပို၍အာဏာရှိသည့် အဆက်အသွယ်ကောင်းများ ရှိထားပေသည်။ ဒါပေါ့ ယခုလိုအခြေအနေဖြစ်နေရတာက အဲ့ကောင်မလေးမှာ အင်အားကြီးအဆက်အသွယ်များ ရှိနေတာကြောင့်ပဲ၊ မဟုတ်ရင် ဒီကောင်မလေးကို တစ်ခါတည်း ဒုက္ခပေးနှင့်ပြီးဖြစ်သည်။

ကျန်းလီလင်းသည် သူ့ဘဝသက်တမ်းတစ်ဝက်တာလုံးကို စီးပွားရေးနှင့်သာ အချိန်ကုန်ခဲ့ရတာကြောင့် စည်းမျဉ်းများအကြောင်း သေချာသိထားသည်။

သူသည် ဟဲထျန်းလုပ်ငန်းစု၏ အာဏာအရှိဆုံးရာထူးကို ကိုင်ဆွဲထားကာ အထူးပုဂ္ဂိုလ်များစွာနှင့်လဲ သိထားပေမည့် သူတို့အချင်းချင်းက အကျိုးအမြတ်အတွက် ပေါင်းသင်းနေခြင်းသာဖြစ်သည်။ အများစုမှာ အကျိုးအမြတ်အတွက်သာ သူနှင့် ဆက်သွယ်နေကြခြင်းဖြစ်သလို သူကိုယ်တိုင်ကလဲ အလားတူသဘောမျိုးပင်ဖြစ်သည်။

ဖီးနစ်သွေးစက် Book-4 (ဘာသာပြန်)Where stories live. Discover now