[Unicode]
အခန်း ၆၈၄ လင်းထျန်းယွီ၏မိခင်ဘေးလူများကတော့ လင်းထျန်းယွီဘက်မှ ထောက်ခံနေကြသည်။
“ငါက ဒီလိုမိန်းမမျိုးကို အမုန်းဆုံးပဲ။ သူဘက်သူပဲ ကြည့်ပဲ ရက်စက်တဲ့မိန်းမ!”
“ဟုတ်တယ်! သူ့ကိုယ်သူ ဘုရင်မများထင်နေလားပဲ?”
“ငါ့ချစ်သူသာ ဒီလိုလူမျိုးဆို ချက်ချင်း စွန့်ပစ်လိုက်ပြီ။”
“ချစ်သူဆို တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှဖြစ်မှာပေါ့။”
…….
လူတိုင်း ကျောက်ရှောင်ရွှမ်းကိုပဲ အပြစ်တင်နေကြသည်။ သို့ပေမည့် ကျောက်ရှောင်ရွှမ်းသည်တော့ နည်းနည်းလေးပင် ရှက်သည်ဟု မခံစားရပဲ ဒေါသတောင်ထွက်လာကာ၊
“ပါးစပ်ပိတ်ထားကြစမ်း! နင်တို့ကိစ္စမို့လို့လား! ငါ့ကို အပြစ်လာမတင်ကြနဲ့၊ မဟုတ်ရင် ကားတိုက်ခံရမယ့်လူက နင်တို့ဖြစ်သွားမယ်!” ကျောက်ရှောင်ရွှမ်း ဒေါသတကြီးနှင့် ဘေးလူများကိုပါ ကြုံးအော်လိုက်သည်။
ကျောက်ရှောင်ရွှမ်း၏ အကြင်နာတရားမဲ့သည့်စကားလုံးများကြောင့် လူတိုင်းစိတ်တိုသွားကြသည်။ သူတို့က ကျောက်ရှောင်ရွှမ်းကို လူကြားထဲ ပြစ်တင်ပြောဆိုခဲ့သည်မှန်သော်လည်း သူမလုပ်ခဲ့သည့် လုပ်ရပ်နှင့် ပြောခဲ့သည့်စကားများကိုက အဓိပ္ပါယ်မရှိ ဟာသများဖြစ်နေသည်မဟုတ်ပါလား။
“တော်လောက်ပြီ!” လင်းထျန်းယွီ ကျောက်ရှောင်ရွှမ်းကို ပိတ်အော်လိုက်တာကြောင့် သူမကျောက်သွားခဲ့သည်။
“ကျောက်ရှောင်ရွှမ်း၊ မင်းတခြားလူတွေအပေါ် အကြင်နာတရားလေးထားလို့ မရနိုင်ဘူးလား? မင်းရဲ့လုပ်ရပ်တွေအတွက် နောင်တချိန်မှ ပြန်ပေးဆပ်နေရလိမ့်မယ်!”
ထို့နောက် လင်းထျန်းယွီ ကျောက်ရှောင်ရွှမ်းကိုကော သူမ၏ခရီးဆောင်အိတ်များကိုပါ ချန်ထားကာ ထွက်သွားတော့သည်။ ကျောက်ရှောင်ရွှမ်းမှာ သူ့ကို လူကြားထဲ အရှက်ခွဲခဲ့တာကြောင့် ဘယ်လိုမှ ဆက်ပြီးသည်းခံမနေနိုင်တော့ပေ။