အခန်း ၇၁၀ မင်းဘာကောင်ဖြစ်ဖြစ် ဂရုမစိုက်ဘူး

1.5K 162 0
                                    

[Unicode]
အခန်း ၇၁၀ မင်းဘာကောင်ဖြစ်ဖြစ် ဂရုမစိုက်ဘူး

ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းတို့ ဘယ်လောက်တောင်လိုက်ဖက်ညီလဲဆိုသည်ကို အားလုံးသိကြပေမည့် ကာယကံရှင်နှစ်ဦးကတော့ အချင်းချင် ထုတ်ပြောချင်းမရှိတာကြောင့် သူတို့ကို တွန်းအားလေးပေးနိုင်မည့် အကူညီလေးနည်းနည်းပါးပါးလိုအပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် သီးသန့်ခန်းထဲတွင် ရှင်းပိုင်ကလွဲပြီး ချောင်ဝမ်ရှင်းထဖို့ရန် ကူညီမည့်သူမရှိပေ။

ရှင်းပိုင်သည်တော့ ချောင်ဝမ်ရှင်းကို သူ့ရင်ခွင်ထဲမှ လွှတ်မပေးချင်သော်လည်း သူတို့က အခုထိ တရားဝင်မတွဲရသေးတာကြောင့် ဖက်ထားလို့ အဆင်မပြေပေ။

ရှင်းပိုင်၏အကူအညီဖြင့် ချောင်ဝမ်ရှင်း ထရပ်ပြီးနောက် မျက်နှာတစ်ပြင်လုံးနီရဲနေကာ ရှင်းပိုင်နှင့် မျက်လုံးချင်းပင် မဆုံရဲတော့ပေ။ ရှင်းပိုင်သည်လဲ နေရခက်နေပေသည်။

“ရှင်းပိုင်၊ မင်းဘာလို့ ဝမ်ရှင်းကို အိမ်ပြန်လိုက်မပို့ပေးတာလဲ?” ရှုကျင်းချန်မေးလိုက်သည်။ ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းတို့ နှစ်ယောက်တည်းရှိနိုင်ဖို့ အချိန်ပေးလိုနေခြင်းမှန်း သိသာလှပေသည်။

“မလိုတော့ဘူး။ ငါ့ဘာသာ….” ချောင်ဝမ်ရှင်း မသိစိတ်က အလိုအလျောက်ငြင်းလိုက်မိသည်။ သူမကို ရှင်းပိုင်အိမ်ပြန်လိုက်ပို့ပေးသည်အား မလိုချင်ခြင်းမဟုတ်ပါဘဲ လောလောဆယ် ရှင်းပိုင်နှင့်မျက်နှာချင်းဆိုင်ရမည်ကို ရှက်နေခြင်းသာဖြစ်သည်။

“သေချာရဲ့လား? အခုက အရမ်းနောက်ကျနေပြီနော်။ မင်း တက္ကစီငှားပြန်ဖို့ကလဲ မလုံခြုံဘူး။” ချောင်ဝမ်ရှင်းစကားမဆုံးခင်တွင်ပင် ရှုကျင်းချန်ဖြတ်ပြောလိုက်သည်။

“ရှင်းပိုင်က ငါတို့ထဲမှ သိပ်မသောက်ထားတဲ့တစ်ယောက်တည်းသောသူပဲ။ ဒီတော့ သူတစ်ယောက်ပဲ မင်းကို ကားမောင်းပြန်ပို့ပေးနိုင်မှာ။”

ထိုစကားပြောပြီးသည်နှင့် ရှုကျင်းချန် ချက်ချင်းထွက်သွားတော့သည်။ သူတော်တော်လေးသောက်ထားမိတာကြောင့် အခုအရမ်းအိပ်ချင်နေပေပြီ။ အခြားလူများလဲ ချက်ချင်းပင် ထွက်ခွာကုန်ကြကာ သီးသန့်ခန်းထဲ၌ ချောင်ဝမ်ရှင်းနှင့် ရှင်းပိုင်သာ ကျန်ရစ်ခဲ့တော့သည်။

ဖီးနစ်သွေးစက် Book-4 (ဘာသာပြန်)Where stories live. Discover now