အခန်း (49.1)

4.2K 748 50
                                    

နောက်ဆုံးမှာတော့ အကြာကြီးငိုနေခဲ့တဲ့ ပိုင်ရှောင်ယုတစ်ယောက် အငိုတိတ်သွားပြီး နှာခေါင်းတရှုံ့ရှုံ့နဲ့......

"ငါ့ရဲ့ အရူးလို လုပ်ရပ်တွေကို မြင်စေမိလို့ Sorry ပါကွာ...."

တဖက်သားကို နှစ်သိမ့်ပေးချင်ခဲ့ပေမယ့် အဆုံးသတ်မှာ ရှဲ့ဟယ်က အကောင်းတိုင်းရှိနေပြီး သူ (ပိုင်ရှောင်ယု) သာလျှင် ငိုကြွေးနေခဲ့သူပါ.....ရှဲ့ဟယ် ​ကြုံတွေခဲ့ရသမျှကို တွေးကြည့်မိလိုက်တိုင်း သည်းမခံနိူင်လောက်အောင် ဝမ်းနည်းလာမိတယ်.....

ရှဲ့ဟယ်က သူ့ကို တည်ငြိမ်အေးချမ်းစွာ ကြည့််လိုက်ပြီး....

" အဆင်ပြေပါတယ်...ကျေးဇူးလဲတင်ပါတယ်...."

ငါ့မိဘအရင်းတွေက လူကောင်းသူကောင်း
ဖြစ်ကြောင်း ပြောပြပေးလို့ကျေးဇူးပါ.....သူတို့မှာ ငါ့လိုသားတစ်ယောက်ရှိနေမှန်း မသိခဲ့ရဘဲ ဆုံးပါးသွားကြပေမယ့်....ငါသိတယ်....သူတို့တွေ ငါ့ကိုတွေ့ရင် သေချာပေါက်ချစ်ခင်ပေးကြမှာ.....

သူတို့ မင်းကို ချစ်ပေးခဲ့သလို ငါ့ကိုလဲ ချစ်ပေးကြမှာ.....

ရှဲ့ဟယ် မတ်တပ်ထရပ်ပြီး လှည့်ထွက်ဖို့ပြင် လိုက်တော့...ပိုင်ရှောင်ယုက အလျင်စလို လက်လှမ်းဆွဲလိုက်ပြီး....

"မင်း...အခန်းထဲပြန်သွားတော့မလို့လား..."

ရှဲ့ဟယ် တိတ်ဆိတ်စွာခေါင်းညိတ်ပြလိုက်တယ်.....

ပိုင်ရှောင်ယု အံကြိတ်လိုက်တယ်....ရှဲ့ဟယ်ကို ပြန်မသွားစေချင်ဘူး....တန့်ကျင်းဝမ်းရဲ့ အခန်းထဲပြန်သွားပြီး နှိပ်စက်ညှင်းပန်းမှုတွေ ခံနေစရာမလိုဘူး! !!!!!

တစ်ချိန်တစ်ခါတုန်းက ဖခင်ဖြစ်ခဲ့ဖူးသူက အညှာတာကင်းမဲ့စွာ ရယူပိုင်ဆိုင်သွားသူကို ဒီအခန်းထဲမှာ စောင့်ဆိုင်းနေရတဲ့ဝဋ်ဒုက္ခဆင်းရဲက ဘယ်လောက်တောင်များဆိုးဝါးလိုက်သလဲ....ဒါ့ကြောင့်ပဲ ပိုင်ရှောင်ယုရဲ့တုန့်ပြန်မှုက အခုလို တင်းမာခက်ထန်နေရတာပေါ့........

ပိုင်ရှောင်ယုမှာ တန့်ကျင်းဝမ်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ ခွန်အားရော သတ္တိပါ မရှိတာ သနားစရာသိပ်ကောင်းတာပဲ....ဒါပေမယ့်လဲ ရှဲ့ဟယ်ကို အဖော်ပြုပေးနိုင်သေးတယ်.....စိတ်ပြေလက်ပျောက် ဖြစ်အောင် အပြင်ခေါ်ထုတ်သွားပေးနိုင်ပါသေးတယ်...

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now