Part 1 [ Unicode & Zawgyi]

2.4K 91 9
                                    

Unicode

ဒေါက်! ဒေါက်!

"သားငယ် နိုးပြီလား"

"ဟုတ် မားမား.. သားအဆင်သင့်ဖြစ်ပါပြီ"

အခန်းတံခါးအား နှစ်ချက်ခေါက်ကာ မားက အသံချိုချိုလေးဖြင့် မေးလာသောကြောင့် အပေါ်ထပ်code အဖြူ အား ဝတ်နေသော ရှောင်ကျန့်က ပြန်လည်ဖြေကြားလိုက်သည်။

"မနက်စာ အဆင်သင့်ဖြစ်ပြီနော် သားငယ်
အလုပ်မသွားခင် အရင်စားသွားအုံး အကျီလက်ရှည်လဲထပ်ဝတ်သွားနော်
ဒီရက်ပိုင်း အအေးပိုမယ်တဲ့
မား အခုအပြင်ခဏ သွားလိုက်အုံးမယ်"

"ဟုတ်ကဲ့ပါ မား"

မားမားက မှာစရာရှိသည်များ မှာကြား၍ အပြင်သို့ထွက်သွားလေတော့ ရှောင်းကျန့်လဲ လက်ဆွဲအိတ်အား ကောက်ကိုင်၍ အောက်ထပ်သို့ ခုန်ဆွခုန်ဆွဖြင့် ပြေးဆင်းလာခဲ့သည်။
သူ့တွင် နှာရွက်ရှည်များနှင့် ယုန်လက်သည်းလေးများသာရှိလျှင် အမှန်တကယ် ယုန်လေးနှင့် တူပေလိမ့်မည်။

"ဝါး... ရှလွှတ်"

ထမင်းစားပွဲတွင် မြင်လိုက်ရသည့် စားစရာများကြောင့် ရှောင်ကျန့် အလိုလို သွားရည်ကျမိသည်။

"အားကျန့်! လာလေ နံနက်စာလာစား"

"ဟုတ် ကျဲ"

ရှောင်ကျန့်အား နံနက်စာစားဖို့ခေါ်သူက ရှောင်ကျန့်၏ အစ်မ ယန်လီကျဲ ဖြစ်သည်။
အစ်ကိုဖြစ်သူ ချန်ကော ကတော့ ထမင်းကို ပါးစပ်ထဲ သွပ်ထည့်နေသည်မှာ ရှောင်ကျန့်ကိုပင် စကားမပြောနိုင်တော့။
ရှောင်ကျန့်တို့မိသားစုတွင် ရှောင်ကျန့်အပါအဝင် မောင်နှမ ၃ယောက်ရှိသည်။
ယန်လီက အကြီးဆုံး ၊ကျန်းချန်က အလတ်ဖြစ်၍ ရှောင်ကျန့်က အငယ်ဆုံးဖြစ်သည်။
ပေကျင်းမြို့မှာရှိတဲ့ သာမာန်ရပ်ကွက်တစ်ခုမှာ နေထိုင်ကြပြီး
အမအကြီးဆုံးဖြစ်သည့် 'ယန်လီ'က ကုမ္ပဏီတစ်ခုတွင် အတွင်းရေးမှူးအလုပ်လုပ်သည်။ 'ကျန်းချန်' က ရုံးစာရေးအလုပ်လုပ်ပြီး
ရှောင်ကျန့်က သူငယ်ချင်းတစ်ဦးဖြစ်သည့် ယွီပင်းနှင့်အတူ စပ်တူcoffeeဆိုင်ဖွင့်၍ ထို coffeeဆိုင်တွင် အလုပ်လုပ်နေသည်။
အလုပ်ကိုယ်စီနှင့် မောင်နှမသုံးယောက်စလုံးက အလုပ်လုပ်သည့်နေရာချင်း မတူကြ။
မားကတော့ အိမ်တွင်သာကျန်ခဲ့၍ မနက်စာ ညစာသာ ချက်ရသည်။
နေလည်စာကိုတော့ မားက အိမ်မှာ တစ်ယောက်တည်းစား၍ ကျန်မောင်နှမသုံးယောက်ကတော့ အလုပ်နှင့်နီးသည့် ဆိုင်တစ်ဆိုင်တွင်သာ ဖြစ်သလို စားကြသည်။ ရှောင်ကျန့်ကတော့ နေ့လည်စာကို စိတ်ပူစရာမလိုပေ။
သု၏ coffeeဆိုင်က coffee တစ်မျိုးတည်းရောင်းတာမဟုတ်ဘဲ juiceအစုံ ၊cakeပါ ရောင်းသောကြောင့်ဖြစ်သည်။

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now