Part-21

499 32 0
                                    

Unicode


အိမ်ထဲသို့ ၀ရုန်းသုန်းကား ပြေး၀င်လာသည့် ဒယ်ဒီ့လူတစ်ယောက်ကြောင့် ရှောင်းကျန့်နှင့် ရှောင်းကျန့်ပေါင်ပေါ်ခေါင်းအုံးကာ ကျီစယ်နေကြသောရိပေါ်၏ ခန္ဓာကိုယ်လဲ မတ်မတ်အနေအထားသို့ရောက်ရှိသွား၏။

"ဘာပြဿနာဖြစ်လို့လဲ!"

"သ...သခင်မကြီး  လေယာဥ်ပျက်ကျလို့!!...
အခု...ဆေးရုံမှာ"

"ဘာ! မင်း သေချင်နေတာလား
ဒီလိုနမိတ်မရှိတဲ့စကားမျိုးပြောထွက်ရဲတယ်ပေါ့!"

ဖီးလ်ပျက်သွားရတာကြောင့် ၀မ်ရိပေါ်တစ်ယောက် ဆူအောင့်စွာ အစောင့်အား အော်ပြောမိသည်။

"ကျွန်တော်တကယ်ပြောတာပါသခင်လေး....
သခင်မကြီး လိုက်ပါသွားတဲ့လေယာဥ်က စက်ချို့ယွင်းပြီး လေယာဥ်ထွက်ခွါကာစ မိနစ်အနည်းငယ်အတွင်းမှာ ပျက်ကျသွားခဲ့တာ
လေယာဥ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည်တွေ အကုန်လုံး ထိခိုက်ဒဏ်ရာရကုန်ကြတယ်"

"ဒယ်ဒီရော၊ဒီအကြောင်းတွေ သိပြီးသွားပြီလား"

လာရောက်အကြောင်းကြားသည့် ကောင်လေးမျင်နှာက ပိုမိုပျက်ယွင်းသွားကာ

"လေယာဥ်ပျက်ကျတဲ့သတင်း ကြားပြီးပြီးချင်း သခင်ကြီးက သတိလစ်သွားခဲ့တယ်"

ထိတ်လန့်သွားသည့် ၀မ်ရိပေါ်က အပေါ်ထပ်ကုတ်အနက်အား၀တ်ကာ ကားသော့ဆွဲလျှက် ပြေးထွက်သွား၏။ရှောင်းကျန့်လဲ အနောက်မှ ပြေးလိုက်သွားကာ

"ရိပေါ်....ငါလဲလိုက်မယ်"

"လိုက်ချင်ရင် အင်္ကျီအရင်လဲလိုက်အုံး ကိုကို"

ရှောင်းကျန့် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်၏။
အ၀ါနုရောင်ဟူဒီနှင့် ဒူးအထိရှည်သော ဘောင်းဘီပွပွအား ၀တ်ထားတာ။
ဖွားကို လေဆိပ်လိုက်ပို့တုန်းကတောင် ဒီအတိုင်းပဲ ၀တ်ပြီး သွားခဲ့တာဖြစ်သည်။

"ဒီအတိုင်းလဲ အဆင်ပြေပါတယ် မောင်ရဲ့..."

"ဒါပေမဲ့...."

"ကဲ! ဖွားဖွားက အရေးကြီးလား ငါ့အင်္ကျီကအရေးကြီးလား မောင်..."

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now