Paet-32

587 35 2
                                    

Unicode

"ယွဲ့လင်....ရှင်.."

"လွီဖေး...."

နှစ်အတော်ကြာ မတွေ့ရသည့်တိုင် သူမက အရင်လို နုပျိုလှပနေဆဲ။

သို့သော် အချိန်တွေနှောင်းသွားခဲ့ပြီမို့ ထိုအမျိုးသမီးလေးနှင့် ပြန်ပေါင်းစည်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့မှန်း ယွဲ့လင်သိပါသည်။

တစ်ဖက်ဆိုဖာရှိ suitအပြည့်နှင့်လူအား တွေ့လိုက်ရတော့ သူ၏ပြုံးသယောင်ယောင်မျက်နှာက ချက်ချင်းကို တင်းမာသွား၏။

"ဒီဘက်က လူကြီးလူကောင်း!
ကျုပ်သားကို ခင်ဗျားသားနဲ့ လုံး၀သဘောမတူနိုင်ပါဘူး
ဒါကြောင့် ခင်ဗျားသားကိုခေါ်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်သွားပါတော့!"

"ခင်ဗျာ...."

သားရှောင်း၏ ဖခင်ဆိုသော လူအားကြည့်ကာ ၀မ်လီဟန်မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ငေးကြောင်ကြည့်နေမိသည်။

"ဘာကြောင့် သဘောမတူရတာလဲခင်ဗျ
ကျွန်တော့်သားက ဘွဲ့ရပညာတတ်တစ်ယောက်ပါ
ပြီးတော့ သူတို့နှစ်ယောက်က...!"

"ကျုပ်က ချွေးမပဲလိုချင်တာ!
သားမက်မလိုဘူး
ကျုပ်သားကို သူနဲ့မျိုးတူယောကျ်ားတစ်ယောက်လက်ထဲ ထည့်ပေးရမှာလား
လွီဖေး မင်းဘာမှမပြောတော့ဘူးလား.."

အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေလိုက်ပုံများ
တိုင်ကပ်နံရံဆီမှ နာရီကြီး၏ တစ်ချက်ချက် မြည်သံအား အတိုင်းသားကြားနေရ၏။

"ဒီက ဦးလေး မသိသေးဘူးလား
ကိုကိုက ကျွန်တော်နဲ့တောင်အတူအိပ်ပြီးပြီနော်"

ရိပေါ်အား မျက်စောင်းအကြီးကြီးထိုးကာ ရှောင်းကျန့်ဘေးနားသွားထိုင်သည့် ပါးပါးယွဲ့လင်။

"ဘယ်က ကိုကိုတုန်း..."

"သားပါ"

မပြုံးချင်ပြုံးချင်ဖြင့် ရင်ဘက်လေးပုတ်ပြသည့် ရှောင်းကျန့်ကို ကြည့်နေသောပါးပါးရဲ့ခေါင်ပေါ်တွင် ကော်ရှင်မတ်များ ၀ဲလည်လည်။

"ဟမ်? ဘာပြောလိုက်တယ်
သားကျန့်က .."

အိမ်ခြံ၀န်းအတွင်းမှထွက်သွားသည့် အိမ်စီးကားအမဲကြီးအား အငေးကောင်းနေသည့် ရှောင်းကျန့်။

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now