Part -13

553 37 4
                                    

Unicode

"ဘာ! ငါလာကြိုရမယ် ဟုတ်လား
ငါဒီနေ့ အလုပ်ရှိတယ် လာမကြိုအားဘူး
ချန်ကောကို!"

"ချန်ကောကလဲ အလုပ်မအားဘူး
မင်းလာကြိုကွာရှောင်ကျန့်ရာ
ငါ လေယာဉ်ပေါ်ကတောင်ဆင်းလာပီ
မင်းသိလား ဒီမှာလူတွေတအားများတာပဲ
မင်းမလာရင် ငါတစ်နေကုန်ထိုင်စောင့်နေမှာ မယုံမရှိနဲ့!"

တီ! တီ!

ပြောချင်တာပြောကာ ဖုန်းချသွားသည့် ရွှယ်ရန်ကြောင့် ရှောင်ကျန့် နောက်ဖုန်းနံပါတ်တစ်ခုအား အလျင်အမြန် ခေါ်ရသည်။ သို့သော် ပြန်လည်ဖြေကြားခြင်းမရှိ။

"ဖုန်းကိုင်ပါမောင်ရာ...."

'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်...'

နောက်ဆုံး အကြိမ်ပေါင်းများစွာခေါ်ဆိုပီးနောက် လက်လျှော့လိုက်ရသူက ရှောင်ကျန့်သာ။

စောက်ကျိုးနဲ ဘဝကြီးက ပထမဆုံးအလုပ်စလုပ်ရမဲ့နေ့မှာ အလုပ်ပျက်ရတော့မယ်။
ရုံးသွားရန် ပြင်ဆင်သင့်သည်များ ပြင်ဆင်ပြီးနေပြီ၊ ရိပေါ်အလာကို စောင့်ရန် အိမ်တံခါးဝတွင်ထိုင်နေတုန်း ရွှယ်ရန်ကဖုန်းဆက်သောကြောင့် အစီအစဉ်အကုန်ပျက်ကုန်ုပီ။
ယန်လီကျဲနှင့် ချန်ကောတို့ကတော့ သူ့တို့အလုပ်က သူဋ္ဌေးတွေလာခေါ်၍ ကားတစ်စီး စီဖြင့် ပါသွားကြသည်။ မားက ဒီမနက်ဈေးသွားနေတာကြောင့် ရှောင်ကျန့်တစ်ယောက်သာ ကျန်ခဲ့တော့သည်။

......
"ရှောင်ကျန့်...ငါဒီမှာ!"

လူအများကြား တိုးဝှေ့ကာ ရှာနေစဉ် ထိုင်ခုံတန်းလေးပေါ်တွင် ခရီးဆောင်အိတ်ရှည်အား ခွထိုင်ကာ လက်လှမ်းပြနေသော ရွှယ်ရန်က ဆံပင် နီကြောင်ကျားကေဖြင့် သူ့ကိုယ်သူ မင်းသားရှုံးအောင် ပြင်ဆင်လာသည်။
ပြောတော့ အိမ်နဲ့ရန်ဖြစ်ပီး ပြန်လာတာဆိုပဲ။ ရုပ်က မျောက်အုန်းသီးရထားတဲ့အတိုင်း ဖြစ်နေပီးတော့....။

"အိုက်ယား ငါ့သူငယ်ချင်းလေးက ငါ့ကို တကယ်ပစ်မထားဘူးပဲ"

"အပိုတွေလုပ်မနေနဲ့ရွှယ်ရန်
မင်းကို ငါတုက်ခန်းငှားပေးထားတယ်.
ရော့! အခန်းသော့  ဒီမှာ လိပ်စာ!'

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now