Part -15

556 39 8
                                    

Unicode

"ကျန်းချန်!"

ပုံးထဲသို့ မိမိနှင့်သက်ဆိုင်သည့် စာအုပ်စာတမ်းများနှင့် ပစ္စည်းများအား ထည့်နေစဉ် ဒေါသသံဖြင့် အနားရောက်လာသည့် လန်ရှီးချန်။

"ဘာကိစ္စရှိလို့လဲ ဥက္ကဋ္ဌလန်.."

"ဒါကဘာသဘောလဲ!"

ပြောင်ရှင်းနေသော သူ့အလုပ်စားပွဲပေါ် အားနှင့် ပစ်ချလာသော စာအိတ်တစ်ခု။တစ်နည်းအားဖြင့် အလုပ်ထွက်စာ တစ်စောင်။

"ထွက်စာပါ
ကျွန်တော်အလုပ်ပြောင်းတော့မယ် ဥက္ကဋ္ဌလန်"

စကားအေးအေးလေးဖြင့် ပြောလာပေမဲ့ စိတ်မအေးရသူက ရှီးချန်။

"ဘာကိစ္စနဲ့ အလုပ်ထွက်ရတာလဲ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ!"

"ကျွန်တော့် စိတ်နဲ့ကျွန်တော့်ကိုယ် ဘယ်သူ့ခွင့်ပြုချက်ယူရအုံးမှာလဲ
ဘယ်အလုပ်သမားမဆို စာချုပ်သက်တမ်းကုန်သွားရင် ကိုယ်ပြောင်းချင်တဲ့အလုပ်ကို ပြောင်း!"

"စာချုပ်သက်တမ်းကုန်တာလွန်ခဲ့တဲ့၂နှစ်လောက်ကတည်းကလေ
ဘာလို့အခုမှ ပြောင်းချင်ရတာလဲ
မပြောင်းရဘူး! ကိုယ်ခွင့်မပြုနိုင်ဘူး!"

ကျန်ချန်စကားအား ဖြတ်ပြောလာသူက ရှူးရှူးရှဲရှဲဖြင့်၊ မျက်ထောင့်နီကြီးဖြင့် ကျန်းချန်အား ပေါက်ထွက်မတက် ကြည့်နေ၏။
အလုပ်ချိန်ကုန်သည့်အချိန်ဖြစ်၍ ဝန်ထမ်းတစ်ယောက်တစ်လေမျှ မရှိသောကြောင့် ရှီးချန်၏ 'ကိုယ်ခွင့်မပြုနိုင်ဘူး'ဆိုသည့်အသံက အခန်းတစ်ခုလုံးပဲတင်နေတော့သည်။

"နှုတ်ဆက်ခဲ့ပါတယ်...သွားခွင့်ပြု ! အာ့!"

လည်ဂုတ်ပိုးဆီမှ နာကျင်မှုနှင့်အတူ မျက်လုံးအစုံက အလိုက်မသိစွာ မှိတ်ကျသွားခဲ့၏ ။
ပျော့ခွေကျလာသော ကိုယ်လေးအား အချိန်မှီစွာ ဖမ်းထားလိုက်နိုင်းပီး ပွေ့ချီကာ အခန်းတွင်းမှ ထွက်သွားသူက စကားတစ်ခွန်းပြောလိုက်သည်။
ထို့နောက် ကားအတွင်းသို့ ဖြေးညှင်းစွာချကာ  အဝေးတစ်နေရာဆီသို့ မောင်းထွက်သွားတော့သည်။

သူပြောခဲ့သည့်စကားက...

"မင်းနောင်တမရဖို့မျှော်လင့်ပါတယ်
ကိုယ့်အနားကနေ အဝေးကို ထွက်သွားဖို့ စိတ်ကူးတောင်မယဉ်လိုက်နဲ့!
နှစ်ဆပြန်ပေးဆပ်ရလိမ့်မယ်..."
..
..
............

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now