Part-24

536 32 0
                                    

Unicode

"တင်း....တောင်"

"ကျစ်! ၉နာရီတောင်ကျော်နေပြီကို...
ဒီအချိန်ကြီး....ဘယ်သူလဲ?"

လန်ရှီးချန်က အဆက်မပျက်မြည်နေသော လူခေါ်ဘဲလ်ကြောင့် လက်ပတ်နာရီအားကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။
လျှောကျနေသော စောင်ကိုယူကာ မိမိဘေးတွင်အိပ်နေသည့် ကျန်းချန်အား ခြုံပေးလိုက်ရင်း တံခါးသွားဖွင့်ပေးရသည်။

"ချန်ကောဘယ်မှာလဲ!"

"ဟမ်...ဘယ်သူ...!"

"ဖယ်စမ်း! ချန်ကော....ချန်ကောရေ"

တံခါးဖွင့်လိုက်သည်နှင့်
ဖြူဖြူလုံးလုံးပုပုကွကွကောင်လေးက
ရှီးချန်ကိုယ်ကြီးအား တံခါး၀မှ ဆောင့်တွန်းဖယ်ရှားရင်း
အခန်းထဲသို့ ဇွတ်၀င်သွားလိုက်တာများ သူ့အိမ်သူ့ယာလိုပင်။
မြင်ဖူးသလိုလေးရှိတာမို့ စဥ်းစားနေတုန်း
အခန်းထဲသို့ နောက်ထပ်၀င်လာသူကြောင့် သူ့အတွေးများက ပိုတိကျသွားတော့သည်။

ရိပေါ်! ရိပေါ်ကဘယ်လိုလုပ်.....

"ရိပေါ်....သူကရှောင်းကျန့်မို့လား? "

ရိပေါ်က ခေါင်းကုတ်ရင်း သွားမရှိတဲ့နွားပြာကြီးလို အပြုံးမျိုးပြုံးပြကာ

"အမ်....ရှီးချန်ကော ခေါ်ပြေးလာတဲ့ ကျန်းချန်ရဲ့ ညီဆိုလဲဟုတ်တယ်"

လန်ရှီးချန်က ခေါင်းငြိမ့်ကာ စဥ်းစားရင်း ခနအကြာ မျက်လုံးပြူးကာ

"ဟေ! ဒါဆို သူကအခု ကျန်းချန်လေးကို လာပြန်ခေါ်တာလား"

"အဲ့တာအသာထားပါ ရှီးချန်ကောရာ...
ဟိုလေ အဲ့ဒီကျန်းချန်ကို ဘာမှလုပ်မထားဘူးမို့လား"

"ဘာလုပ်ရမှာ"

"ဟိုဟာလေ သူ့ဘာထိခိုက်ဒဏ်ရါမှမရထားဘူးမို့လား"

"မလုပ်ပါဘူး ဘာဖြစ်လို့?"

"ချန်ကော....ချန်ကောဘယ်မှာလဲ?"

ညီအစ်ကိုနှစ်ယောက်သား တံခါးပေါက်၀မှာ စကားပြောနေတုန်း ရှောင်းကျန့်ပြန်ရောက်လာပြီး ကိုက်ဖြတ်စားတော့မဲ့အသွင့်ဖြင့် မေးလာ၏။

"အိပ်...အိပ်ခန်းထဲမှာပါ ညီလေး"

'၀ုန်း!!'

အိပ်ခန်းတံခါးအား ဆောင့်ဖွင့်လိုက်တာမို့ အသံကျယ်ကြီးက တိုက်ခန်းအတွင်း ပျံ့လွှင့်သွားပါသည်။

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now