Part -18

519 36 3
                                    

Zawgyi

ညနေပိုင်းရောက်တော့ ဖွားအလှည့်ကနေ ရိပေါ်အလှည့်ရောက်လာသည်။
ဒီညနေတော့ ရှောင်ကျန့်က ရိပေါ်အလိုကို လိုက်ပေးရမည်လေ။
မဟုတ်ရင် နှုတ်ခမ်းဆူကာ စိတ်ကောက်ပြတော့မည်။

"လာ တက်! ကိုကို.."

"အင်း"

ကားတံခါးဖွင့်ပေးသည်နှင့် ရှောင်ကျန့်က အဆင်သင့်ဝင်ထိုင်သည်။
ရိပေါ် ကားထဲရောက်တော့ ရှောင်ကျန့်ကို ထိုင်ခုံခါးပတ် ပတ်ပေးပြန်သည်။
ရှောင်ကျန့် ရိပေါ်နဲ့အတူရှိနေရင် ဘာမှလုပ်စရာမလိုပေ။ ရိပေါ်က အသေးအမွှားလေးကအစ အကုန်လိုက်လုပ်ပေးတတ်သည်။
သူ့အလိုမဟုတ်ရင် စိတ်ကောက်တတ်တာလေးတစ်ခုကလွဲလို့ ရိပေါ်က အကုန်ကောင်းပါသည်။

"ဂရုစိုက်ပီးသွားနော်..
အပေါက်ခလေး ကားကို ဖြည်းဖြည်းမောင်း"

"ဟုတ်ကဲ့ပါ ဖွားရဲ့"

"သွားပီနော် ဖွား...ဘိုင့်ဘိုင်"

"ဘိုင့်ဘိုင်..."

ခါတိုင်း ဆိုက်ကယ်ဖြင့်သာ သွားတတ်သည့်ရိပေါ်က ဒီနေ့ကျတော့ မှင်ရောင်အိမ်စီးကားလေးဖြင့် မောင်းလာသည်။

"ဆင်းခဲ့ ကိုကို"

လက်ဦးမှု ယူကာ ကားတံခါးဖွင့်ပေးသောရိပေါ်ကြောင့် ရှောင်ကျန့် ပြုံးရင်းအောက်ဆင်းလိုက်သည်။
သူတို့ရောက်နေသည့်နေရာက ရိပေါ်ဒယ်ဒီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

ရုံးခန်းထဲတွင် ရိပေါ်ကရှောင်ကျန့်အား ထားခဲ့ပြီး အပြင်ထွက်သွားသည်။
ခဏအကြာ ပြန်ဝင်လာသောရိပေါ်၏မျက်နှာက မှုန်ကုတ်ကုတ်။

"ပြန်ရအောင်ကိုကို...ဒီမှာမရှိဘူးတဲ့
ပြောတေု့ဒီမှာအလုပ်လုပ်တာဆိုပီးတော့"

"ဘယ်သူလဲဟင် မောင်"

"စပရိုက်လေ...အခုစပရိုက်မဲ့သူက ဒီမှာမရှိဘူးတဲ့"

"အဲ့ဆို ကိုကိုတို့ မပြန်ခင် အိမ်ခဏပြန်ကြမယ်လေ မားကိုဝင်တွေ့ချင်သေးလို့"

"အွန်း ကိုကို့သဘော"

ရှောင်ကျန့်က အပြန်မားဆီဝင်ပီး ကျမ်းမာရောကောင်းလား ဘာညာမေးကာ အကြာကြီးနေခဲ့သည်။ မိုးအတော်ချုပ်တော့ ပြန်ခါနီးသူ့ကော်ဖီဆိုင်လေးအား
ဝင်ပြန်သည်။ ရိပေါ်က အပြန်မိုးချုပ်မှာလို့ပြောပေမဲ့ စကားနားမထောင်တဲ့ရှောင်ကျန့်ကြောင့် မဝင်ချင်ဝင်ချင်နှင့် ဆိုင်ထဲလိုက်ဝင်ရသေးသည်။
ပီးတော့လဲ ဆိုင်ထဲက ဝမ်နင်ဖုတ်ထားတဲ့ ကိတ်တွေအများကြီး ဝမ်အိမ်တော်ကိုယူသွားခဲ့သည်။ ဖွားက မနက်ဖြန်ရှန်ဟိုင်းကိုပြန်ရတော့မှာမို့ လက်ဆောင်ထည့်ပေးလိုက်မည်တဲ့။

🌸MY FIRST LOVE🐇 (Completed)Donde viven las historias. Descúbrelo ahora