Part-27

521 29 2
                                    

Unicode

ရိပေါ်က နံနက်စာတောင်မစားဘဲ ရှောင်းကျန့်ကိုရှာရန် ဖုန်းနှစ်လုံးယူကာ ကားသော့ဆွဲပြီး ထွက်သွားပါသည်။

၀မ်သခင်ကြီးက သူ့မိခင်အား ဆေးကိုယ်တိုင်တိုက်ခဲ့ပြီး ကုမ္ပဏီသွားရန် ပြင်ဆင်နေ၏။

"အိမ်တော်ထိန်း...."

"ဘာအလိုရှိလို့ပါလဲ သခင်ကြီး"

အနားသို့ အိမ်တော်ထိန်း ရောက်လာတဲ့အခါ ၀မ်သခင်ကြီးက တစ်စုံတစ်ခုအား ခပ်တိုးတိုးမှာကြားကာ ထွက်သွားတော့သည်။

နေ့တိုင်း မနက်စောစော ရှူတင်သွားတတ်သည့် သူမက  အိမ်သားအားလုံးအပြင်သွားချိန်မှာ ၀မ်အိမ်တော်တွင် တစ်ယောက်တည်းကျန်နေခဲ့သည်။

ပထမထပ်က ဖွားမိန်လီ၏ အခန်းဆီ ခိုးတက်သွားပြီး
အခန်းရှေ့တွင် ရပ်စောင့်နေကြသော သက်တော်စောင့် လေးယောက်ကြောင့် စိတ်ညစ်သွားရသည်။

"ဒီအဘွားကြီးက ဘယ်အချိန်မှသေမှာလဲ...
အသက်ပြင်းလိုက်တာ ကျစ်!"

➖➖➖➖➖➖

"ကိုကို...အဲ...ရှောင်းကျန့်ရော မားမား
သူ အိမ်ပြန်သွားတယ်ဆိုလို့"

ရှောင်းကျန့်အိမ်ရှိရာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည့်ရိပေါ်က ကိုကို့ရဲ့မားမားကိုတွေ့တာနဲ့
တုံ့ဆိုင်းမနေပဲ မေးလိုက်၏။

"အော်...သားကျန့်က အလုပ်သွားတယ် သားရဲ့
Green Worldဆိုလား?...
မနေ့က အလုပ်ပျက်ထားလို့တဲ့
အဲ့ဒီကုမ္ပဏီကို သွားတာ
ဘာပြောစရာရှိလို့လဲ သား
မားပြောပေးရမလား.."

"ဘာကိစ္စမှတော့မရှိပါဘူး မားမား
သူ့ဖုန်းကျန်ခဲ့လို့ပြန်လာပေးတာပါ"

သူ့အတွင်းရေးမှူးကိုကိုက သူ့ကိုတောင် အကြောင်းမကြားဘဲ ကုမ္ပဏီ သွားတယ်ပေါ့?

မျက်ခုံးတစ်ချက်ပင့်သွားသည့် ရိပေါ်က အံကြိတ်ကာ မာမားအားနှုတ်ဆက်ရင်း ကားပေါ်ပြန်တက်လာခဲ့သည်။

"ကိုကိုက တအားဆိုးတာပဲ....
မောင့်ကို အိပ်ဆေးတိုက်ခဲ့ပြီး သွားချင်တဲ့နေရာဆီ
သွားတယ်ပေါ့!"

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now