Part -12

557 39 3
                                    

Unicode

"မောင်! အိမ်ထဲဝင်အုံးမလား"

"မဝင်တော့ဘူးကိုကို.. ကိစ္စလေးတစ်ချို့ရှိသေးလို့
မနက်ဖြန် မောင်လာခေါ်မှာနော်"

"အင်းပါ!"

ရှောင်ကျန့် အိမ်ထဲဝင်သွာမှ ရိပေါ်က ဆိုက်ကယ်အား ပြန်ကွေ့ပီး Helmetဆောင်းကာ မောင်းထွက်သွားတော့သည်။

ရှောင်ကျန့် အိမ်တံခါးဖွင့်နေစဉ် ဝူးခနဲထွက်သွားသော ဆိုက်ကယ်အားကြည့်ကာ

"ဖြေးဖြေးမောင်းသွားလို့ ပြောလိုက်ရမှာ..."

......

"အားလီ....
တက်!"

Ceoရုံးခန်းတွင် စီနီယာဇီရွှမ်းမရှိတာမို့ အလုပ်ပီးသွားသည့် ယန်လီက ဒေါက်ဖိနပ်သံမကြားအောင် သူခိုးချောင်းနင်းပီး ကုမ္ပဏီအပြင်သို့အထွက် အပေါက်ဝတွင် ရပ်ထားသော ဇီရွှမ်း၏ ကားကြီးကြောင့် စိတ်ဓာတ်ကျသွားရသည်။
အစကတော့ Taxiငှားပီး ပြန်မလို့ပါပဲ၊ အခုတော့....။

"ဟုတ်..."

ကားအရှေ့တံခါး ဖွင့်ထားသည်မို့ ယန်လီက အရှေ့ဘက်မှာပင် ဝင်ထိုင်လိုက်ရသည်။ ဇီရွှမ်းနှင့် ဘေးချင်းကပ်။

လမ်းတစ်လျှောက် ကားမောင်းနေရင်း တိတ်ဆိတ်နေတာမို့ ဇီရွှမ်းက စကားစလိုက်သည်။

"အားလီသိလား...
ရှောင်ကျန့်မှာ ချစ်သူရှိတာလေ"

"အာ...အရင်တုန်းကပါ
အခုတော့ မသိဘူးရယ်"

"ရှောင်ကျန့်ချစ်သူက ဝမ်ရိပေါ်လေ..."

ကားမှန်အပြင်ဘက်ကိုသာ ငေးနေသည့် ယန်လီက ဝမ်ရိပေါ်ဟူသော နာမည်ကြားမှ ဆက်ခနဲလှည့်လာသည်။

"ဝမ်ရိပေါ်ဆိုတာ Wang Groupရဲ့ သားမို့လား.."

"ဟုတ်တယ်အားလီ
မနက်ကမှ မျန်မျန့်ရဲ့ဆိုင်မှာတွေ့ခဲ့တာ
ရိပေါ်က ရှောင်ကျန့်ကို တော်တော်ချစ်တာပဲ...
အားလီတို့အိမ်ကို လာသေးတယ်မို့လား"

"ဘာ! ဒါဆို နေ့လည်က အိမ်မှာတွေ့ခဲ့တဲ့တစ်ယောက်က ဝမ်ရိပေါ်ကြီးပေါ့!
မျက်နှာမှာ ဒဏ်ရာတွေနဲ့လေ"

"ရိပေါ် အခုချိန်အထိ ရန်ဖြစ်တုန်းထင်တယ်...
အော် ဒါနဲ့! အားလီရဲ့အိမ်က..."

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now