Part -16

549 35 5
                                    

Unicode

ပြတင်းပေါက်မှ နေရောင်ခြည်နုနုတို့သည် ကုတင်ထက်၌ အိပ်ပျော်နေသူ နှစ်ဦးထံ ညင်သာစွာ ကျရောက်လာခဲ့သည်။
အချိန်အတိအကျဖြင့် နိုးတတ်သောကြောင့် မျက်လုံးအစုံတို့က သူ့အလိုလို ပွင့်လာခဲ့သည်။ ပထမဆုံး မြင်ရသည့်အရာက အဖြူ ရောင် မျက်နှာကြက်တစ်ခု။

တစ်ကိုယ်လုံး တုတ်တုတ်ပင် လှုပ်၍ မရသည်က သူ့ကိုယ်အား တစ်စုံတစ်ယောက် တင်းကြပ်စွာဖက်ထားသောကြောင့်ဖြစ်သည်။
နဲနဲရုန်းသည်နှင့် ပိုတိုး၍ ဖက်ထားသောကြောင့် လူမှာ အသက်ရှူ ၍ပင် မဝချင်တော့။

"ဟင်! "

'ခွပ်!'

ရင်ခွင်ထဲမှ ခေါင်းမော့ကာ ကြည့်လိုက်ပီးနောက် ဒေါသတို့က တလိပ်လိပ်တက်လာကာ လက်သန်သန်ကြီးများဆီမှ ရုန်းထွက်၍ ဒေါသတို့စုနေသော လက်သီးဖြင့် မျက်နှာတည့်တည့်သို့ ပစ်သွင်းထည့်လိုက်သည်။

"အာ့!...ကျွတ် ကျွတ်!"

"ဒါ ဘယ်နေရာလဲ
ဘယ်လိုလုပ် ဒီရောက်နေတာလဲ !"

"အဟွန်း! ကိုယ့်အိမ်.."

နှုတ်ခမ်းဒေါင့်ရှိ သွေးများအား လျှာနှင့်ထိုးကာ မှဲ့ပြုံးပြုံးပြနေသူ၏ မျက်နှာတစ်ပြင်လုံး စုတ်ပြတ်သက်သွားလောက်အောင် ထိုးပစ်လိုက်ချင်သည်။

"သော့ခတ်ထားတယ်...
မင်းကိုအပြီးခေါ်လာတာ ပြန်ပို့မပေးတော့ဘူး"

တံခါးဆီသွားကာ လက်ကိုင်ဘုကို ဆောင့်ဆွဲနေသူအား ပြောလိုက်တော့ မျက်ထောင့်နီကြီးနဲ့ ပြန်ကြည့်လာသည်။

"ဘာအတွက်လဲ!....
ဘာလို့ ခင်ဗျားအိမ်က်ိုခေါ်လာတာလဲလို့!"

"မင်းက ကိုယ့်အပိုင်ပဲ
အိမ်မှာ လိမ်လိမ်မာမာနေ...ထွက်ပြေးလို့ မိသွားရင် ကိုယ့်အဆိုးမဆိုနဲ့"

လူအလစ်တွင် ထွက်ပြေးမည်ကို သိသည်မို့ ရှီးချန်က ပြုံးပြုံးလေး ပြောပြီး ရေချိုးခန်းထဲသို့ ဝင်သွားသောအခါ တံခါးဝရှိ အကောင်ပေါက်လေးက ဆွေ့ဆွေ့ခုန်ကျန်ခဲ့တော့သည်။

..........

"ယန်လီရေ...သမီး!"

"ဘာဖြစ်လို့လဲဟင်မား.."

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now