Part -4

903 65 2
                                    

Unicode

တကယ်ပါ....
ကိုကို ပါးစပ်အဟောင်းသားလေး ဖြစ်နေသည့် ပုံစံလေးက လှသည်။
အံ့သြလွန်း၍ ဝိုင်းစက်သွားသည့်
မျက်ဝန်းလေးများနှင့် မျက်တောင်ကော့လေးများကလဲ လှသည်။
ပန်းဆီရောင်နှုတ်ခမ်းလေးလဲ လှ၍ ထိုနှုတ်ခမ်းဒေါင့်နားရှိ မှဲ့နက်ကလေးကလဲ လှသည်။
ပြုံးလိုက်တိုင်းပေါ်လာသည့် ပါးချိုင့်လေးများကလဲ လှသည်။
အားရပါးရရယ်လိုက်တ်ိုင်း ထွက်လာသည့် ရှေ့သွားကြီးလေးနှစ်ချောင်းကလဲ လှနေပြန်သည်။

ယောက်ျားလေးတစ်ယောက်အား လှသည်ဟု မသုံးနှုန်းသင့်ပေမဲ့
ကိုကိုက မိန်းကလေးတွေထက်ပင် အဆပေါင်းများစွာသာပါသည်။

"အဟမ်း!"

ချောင်းဟန့်သံကြားမှ နှစ်ယောက်လုံး၏ အသိစိတ်က ပြန်ဝင်လာသည်။

ဧည့်ခန်းကြီးရှိ တန်ဖိုးကြီးသော sofaပေါ်တွင် ထိုင်ကာ တန်ဖိုးကြီးသော ကော်ဖီအား သောက်နေသည့် သူဋ္ဌေးကြီးဝမ်လီဟန်
တစ်နည်းအားဖြင့် မောင့်ပါးပါး။

ရှောင်ကျန့်က လူကြီးရှေ့တွင် သူ့လက်အား မောင်ကဆွဲထားသည်မို့
ရှက်ကာနှာရွက်လေးများရဲနေသည်။

အော်! ခုနက ရိပေါ်ပြောဖို့ တစ်ခုကျန်ခဲ့သည်။
ကိုကိုရှက်သွားတိုင်း ရဲတက်သွားသည့်နှာရွက်လေးများနှင့် ပါးမို့မိုးလေးများက လည်း လှသည့်အထဲတွင်ပါပါ၏။

ရိပေါ်သည် သူ့လက်အားဆွဲကာ ခေါ်သွားသည်မို့ တောင့်တောင်းလေး ရပ်နေသည့်ရှောင်းကျန့်က ခေါ်ရာအတိုင်းလိုက်ပါသွားရသည်။

စောက်ကျိုးနဲဘဝကြီးက ..
မပြတ်သေးသည့် Exနှင့် ပြန်တွေ့တွေ့ချင်း Ex၏ အိမ်သို့ ရောက်ရသည့်အဖြစ်။ထိုအိမ်ကလည်း တရုတ်နိုင်ငံ၏ Top 10စာရင်းဝင် သူဋ္ဌေးကြီး၏ အိမ်တော်။

"ထိုင် သား!"

"ဟုတ်ကဲ့"

မျက်လုံးချင်းဆုံမိသည်နှင့် စကားစပြောလာသည့်သူက ရိပေါ်၏ ပါးပါး။
တည်ငြိမ်ခန့်ငြားပြီး အသံကအစ သြဇာအာဏာအပြည့်ရှိသည်။
ချောသည်၊အရပ်ရှည်ပြီး ကြည့်ကောင်းသည်။
ရှောင်ကျန့် အထင်ကြီးရသည့် အဓိကအချက်က သစ္စာရှိခြင်း ဖြစ်သည်။

🌸MY FIRST LOVE🐇 (Completed)Tempat cerita menjadi hidup. Temukan sekarang