Part -6

732 48 4
                                    

Unicode

"အလုပ်မလုပ်ပဲနဲ့  ဘယ်သူနဲ့ရန်ဖြစ်ရပြန်တာလဲမောင်ရဲ့...."

"မောင်မှ လုပ်စရာအလုပ်မရှိတာ"

သူ့အပြောကြောင့်ဆွံ့အသွားသည့်ရှောင်းကျန့်။

"....."

စီးပွားရေးလုပ်ငန်းစု ၊5starHotel ၊Car Showroomစသည်စသည်တို့ အများအပြားပိုင်ဆိုင်သည့် ဝမ်အိမ်တော်၏ တစ်ဦးတည်းသော သခင်လေးက လုပ်စရာအလုပ်မရှိဘူးဟု အရူးကိုသွားပြောရင်တောင် ယုံမှာမဟုတ်။

ရှောင်ကျန့်က မျက်စောင်းလှမ်းထိုးတော့သည်။

"ဒယ်ဒီက ကပ်စေးကုပ်လေ
သူ့ပစ္စည်းတွေ တစ်ခုမှအထိမခံဘူးသိလား
လက်ထပ်မှ အမွေခွဲပေးမယ်တဲ့
မောင့်ကို အလုပ်လုပ်စေချင်ရင် ကိုကို မောင်နဲ့လက်ထပ်လေ....နော်"

ရိပေါ်သည် သူ့လက်ကလေးအားခပ်ဖွဖွဆုပ်ကိုင်၍ သနားစရာရုပ်ကလေးနှင့်အတည်ကြီးပြောလာတော့ ရှောင်ကျန့်မှာ ကြောင်တောင်တောင်လေး ဖြစ်နေတော့၏။

"တကယ်ကြီးပြောနေတာလား?
မောင့်ကားဂိုထောင်ထဲက ကားတွေအကုန်စုရင် Shoeroomတစ်ခုတောင်ထောင်လို့ရတာနော်..."

"အရင်းအနှီးမရှိဘူးဗျ..."

လက်ဝါးနှစ်ခုဖြန့်ပြသည့်ရိပေါ်ကိုကြည့်ကာ သူ့မှာ အကျယ်ကြီးသာအော်ရယ်ပစ်လိုက်ချင်တော့သည်။

"အရင်းအနှီးရရင် ဘာလုပ်ဖို့စိတ်ကူးထားလဲမောင်က.."

"မသိသေးဘူး....
ဒါပေမဲ့ မောင်ကိုကို့ကို ပြန်လိုက်ဖို့တော့စဥ်းစားထားတယ်ဗျ"

"လိုက်မယ်?...ဘယ်လိုလိုက်မှာလဲ"

ရိပေါ်က ချက်ချင်း ရှောင်းကျန့်ပုခုံးနားက ခုံတန်းဘောင်ပေါ်လက်ထောက်ကာ အပေါ်မှ အုပ်မိုးပစ်လိုက်သည်။
ရှောင်းကျန့်နှာရွက်ဖျားလေးများရဲလာကာ ဇက်ကလေးပင် ပု၀င်သွားသေး၏။

ပို၍နီးကပ်လာသည့်မောင့်မျက်နှာကြောင့် သူအသက်ရှူအောင့်လိုက်မိသည်ထင်ပါရဲ့။

"နည်းလမ်းက သုံးမျိုးရှိတယ်...
အရင်ဆုံးကိုကို့သူငယ်ချင်းတွေနဲ့မိသားစုဆီက ရင်းနှီးမှုယူမယ်ပေါ့
ပြီးတော့ အနုနည်းနဲ့ ကိုကို့နားမှာ မျှော့လိုတွယ်ကပ်ပြီး ကိုကိုပြန်လက်ခံလာမဲ့အချိန်ကို စောင့်မယ်ဗျာ
အပေါ်ကနှစ်ချက်စလုံးမရရင်တော့
မောင်....ကိုကို့ကိုခိုးပြေးပြီးအနိုင်ကျင့်ပစ်မှာ!"

🌸MY FIRST LOVE🐇 (Completed)Onde histórias criam vida. Descubra agora