Part -14

589 35 4
                                    

Unicode

"ကိုကို အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား.."

အတွင်းရေးမှူးရုံးခန်းအတွင်း Laptopတစ်လုံးနှင့် အလုပ်ရှုပ်နေသော ရှောင်ကျန့်ဆီ ရိပေါ်က ရောက်လာကာ မေးသည်။

"အင်း! ငါထင်ထားတာထက် အများကြီးပိုကောင်းပါတယ်...
အော်...မောင်! ဒီနေ့လည်၁နာရီ 'Pink Moon' ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ရှိတယ်နော် ညကျရင်လဲ ရှယ်ယာရှင်တွေနဲ့ Dinnerပွဲရှိတယ်"

"နေရာက..."

"Green World ခန်းမမှာပဲ မောင်"

စာရင်းများ ရေးနေသူက ရိပေါ်အား ကြည့်မနေ ၊Laptop screenပေါ်သာ မျက်လုံးက ရောက်နေသည်။
ပါဝါမျက်မှန်အကြည်လေး တပ်ထားသောကြောင့် ရှောင်ကျန့်ပုံစံမှာ ဆေးကျောင်းသားလေးနှင့်ပင် တူနေ၏။

"Dinnerကျရင် ကိုကိုလဲ လိုက်ခဲ့!"

"အင်း ငါက  လိုက်ရမှာပေါ့
မောင့်အတွင်းရေးမှူးပဲကို"

"ဟင့်အင်း!...မောင့်ကောင်လေးအဖြစ် လိုက်ရမှာ...
ဒယ်ဒီလဲ လာမယ်တဲ့"

အလုပ်လုပ်နေသူက မျက်မှန်ကိုင်းလေးပင့်တင်ကာ ရိပေါ်မျက်နှာဘက် လှည့်လာသည်။

"မောင့်အတွင်းရေးမှူး အဖြစ်ပဲ သွားမယ်
မောင်က အခုမှ Ceoစဖြစ်ခါစရယ်..
ငါ မောင့်ကောင်လေးအဖြစ် သွားရင် ဝန်ထမ်းတွေ မောင့်ကိုအထင်သေးကြလိမ့်မယ်
မောင့်ဒယ်ဒီပါလာမယ်ဆိုရင် ပိုလို့တောင် အဆင်မပြေဖြစ်အုံးမယ်..."

"ဟာ...ကိုကိုကလဲ
မရဘူးနော် ကိုကိုက မောင့်ကောင်လေးအဖြစ်ပဲလိုက်ရမှာ
မသိဘူး ..မောင့်ကောင်လေးမလုပ်ချင်ရင် တစ်ခါတည်းမောင့်ယောက်ျားလုပ်"

"မောင်နော်..."

"မောင် ရန်မဖြစ်ချင်ဘူးနော်ကိုကို...
ကိုကိုမှ မောင်ပြောတဲ့အတိုင်းမလုပ်ရင် မောင်ငိုလိုက်မှာ...
ဘယ်လောက်ချော့ချော့ စိတ်ဆိုးမပြေတော့ဘူး"

"ဟုတ်ပီ ဟုတ်ပီ မောင့်သဘော!"

နောက်ဆုံး....အလျှော့ပေးလိုက်ရသူက ရှောင်ကျန့်သာ။
ကိုယ့်ထက် အသက်ငယ်လို့ ကတစ်ကြောင်း ၊သူ့စိတ်ကြိုက်မလုပ်ရရင် တအား အင်ိုသန်တာက တစ်ကြောင်း။
ရှောင်ကျန့်မှာ ကုမ္ပဏီလာပီး အလုပ်မလုပ်ရဘဲ ခလေးထိန်းနေရသည့်ဘဝ။
.......

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now