Part -17

552 40 3
                                    

Unicode

"သူကအိမ်မှာ ယာယီနေမှာကိုကို
မောင်လဲ လာနေနော်.."

"အော်..."

"လာနေနော် ဖွားယုန်လေး
ဖွားမပြန်ခင်အထိ ယုန်လေး ဖွားနဲ့အတူလာနေနော်..."

"ကိုကိုကမောင်နဲ့ပဲ အတူနေရမှာနော် ဖွားနဲ့မနေနဲ့ ဖွားကတအားရစ်တာ"

"ဟဲ့!ဘယ်မှာရစ်လို့လဲ ပေါက်လေးရဲ့!"

ယနေ့သည် ပိတ်ရက်မို့ ဖွားနှင့်ရိပေါ်က ရှောင်ကျန့်အနားတွင် ပျားလေးလို တဝဲလည်လည်။

ကျောင်းကျောင်းက ရှူ တင်ရှိသည့်အတွက် ရိုက်ကွင်းသို့သွားသည်။
မသွားခင် အပေါ်ထပ်မှ ရိပေါ်အကျီဝတ်ပီးဆင်းလာသည့်ရှောင်ကျန့်ကြောင့် သူမမျက်နှာပျက်သွားသေးသည်။
ဖွားနှင့်ဒယ်ဒီပါ အံ့သြသွားသည်က ရိပေါ် မားမသေခင်
၅နှစ်တောင်မပြည့်သေးသည့် သူမသားလေးဝတ်ရန်
ကိုယ်တိုင်ချုပ်ပေးထားသည့် shirtအကျီဟာ
ရှောင်ကျန့်ကိုယ်ပေါ်ရောက်နေသည်မို့။

ပီးတော့ ရိပေါ်က အဲ့ဒီအကျီကိုဆို ကြိုက်လွန်းလို့ သူတောင်မဝတ်ဘူး ၊
ယုတ်စွအဆုံး သူ့ဒယ်ဒီကိုတောင် ပေးမကိုင်ဘူးတဲ့။
ဒါပေမဲ့ အခု ရှောင်ကျန့်ဝတ်ထားတာကိုကျတော့ ပြုံးပြုံးကြီး ကြည့်နေသည်။
ဒယ်ဒီဆို ခလေးမဟုတ်သူငယ်မဟုတ်နဲ့ ရိပေါ်ကို ခနခနမျက်စောင်းထိုးသည်။
ဝမ်သခင်မကြီးက ဝမ်သခင်ကြီးကို တစ်ခါမှ အကျီမချုပ်ပေးဖူးပါ။
သူမသားအတွက်ကျတော့ ချုပ်ပေးတာမို့ 
သားအပေါ် နဲနဲတော့ မနာလိုဖြစ်မိသည်။
သားဖြစ်သူကလဲ ထိုအကျီလေးကို ခနလောက်ကိုင်ကြည့်ပါရစေဆိုတာ
နဲနဲမှအထိမခံဘူး။ အခု သူ့ကောင်လေးကိုကျ ဝတ်ပေးထားတာ
ဟန်ကျနေတာပဲလေ။

ဒယ်ဒီက ကုမ္ပဏီကိစ္စများရှိသည့်အတွက် ပိတ်ရက်တွင်တောင် အလုပ်သို့ သွားသည်မို့
အိမ်တွင် ရှန်ဟိုင်းသို့မပြန်ဘဲ ပေကပ်နေသောဖွားရယ် ၊ကိုကိုရယ် ရိပေါ်ရယ် သုံးယောက်သာ ကျန်ခဲ့သည်။

"ဟို.. သား မားကိုအရင်ပြောလိုက်အုံးမယ်.."

"ဟုတ်တာပေါ့ ယုန်လေးရဲ့ မားမားကို အရင်တိုင်ပင်သင့်တယ်
ဒါပေမဲ့စိတ်မပူနဲ့ ဖွားပါလိုက်ပြောပေးရမလား."

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now