Part-22

505 38 0
                                    

Unicode

အိပ်ယာမှနိုးလာသည့်ကျန်းချန်က Sofaပေါ် ဇိမ်ကျကျထိုင်ရင်း ဖုန်းကြည့်နေသည့် လန်ရှီးချန်အား စူပုတ်စွာ ကြည့်နေပါသည်။

"နိုးပြီလား ခလေး...."

"ခင်ဗျား မျက်လုံးပါတယ်မလား ပါရင်ကြည့်လေ အိပ်နေသလား နိုးနေသလားလို့!"

နံနက်ခင်းအစမှာပင် သူ့အသက်လေးက ရင့်ရင့်သီးသီးစကားများ ပြောထွက်ပေမဲ့ လန်ရှီးချန်ကတော့ အပြုံးမပျက်....။
ကြားရသူ၊မြင်ရသူ နားခါးပေမဲ့ သူ့နားထဲတွင်တော့ ချစ်ရသူလုပ်သမျှ အရာတိုင်း၊ပြောသမျှစကားတိုင်းက နား၀င်ချိုနေဆဲ...။
နောက်ပြီး ကျန်းချန် ဒီလိုစကားမျိုး ပြောထွက်ရခြင်းကလဲ  သူဖန်တီးခဲ့တဲ့ ပိတ်လှောင်ခြင်းကြောင့်မို့ပါ....။

ကိုယ့်ကို အရမ်းမုန်းနေတယ်မို့ လား၊ ကြိုက်သလောက်မုန်းပါ။
ကိုယ်နဲ့ဝေးတဲ့အရပ်ဆီကို ထွက်ပြေးဖို့ မကြိုးစားချင်စမ်းပါနဲ့ ခလေး! မင်းခြေထောက်တွေကို ရိုက်ချိုးပြီးတော့ ချုပ်နှောင်ထားပစ်မှာ။

ရေချိုးခန်းထဲ ဆောင့်အောင့်၀င်သွားကာ ရေချိုးခန်းတံခါးကို ၀ုန်းခနဲ မြည်အောင် ပိတ်သွားသည့် ကျန်းချန်က အမြဲလိုလို ဒေါသထွက်နေတော့တာပါပဲ။
ဒေါသထွက်လဲထွက်ချင်စရာ။
သူ ဒီကမ်းခြေကိုရောက်နေတာ နှစ်ရက်နဲ့ရှိသွားပြီ။ ဒီနှစ်ရက်အတွင်း အခန်းထဲမှ အခန်းပြင် မထွက်ရသလို သူ့ဖုန်းလဲ အသိမ်းခံထားရကာ အမြဲတစေ အိပ်နေရသည်။
လူယုတ်မာကောင်က အစားအသောက်ရော၊ ရေထဲကိုပါ အိပ်ဆေးအမြဲ ထည့်ထားတတ်တာကြောင့် ပါးစပ်ထဲ အစာ၀င်ပြီးတိုင်း ကျန်းချန်မှာ အိပ်ပျော်သွားရတာချည်းပဲ။
နိုးလာတော့လဲ သူ့လက်ချက်ကြောင့် တစ်ကိုယ်လုံး Markingရာတွေနဲ့မို့ ကိုယ့်ကိုကိုယ်တောင် မှန်ထဲ ပြန်မကြည့်ရဲသည့် ဘ၀။

အခုလဲ နိုးလာလာချင်း စကားပင်​ပြောမထွက်နိုင်၊ နှုတ်ခမ်းတစ်ခုလုံး စပ်ဖျင်းပြီး နာနေတာကို၊
ဘယ်သူက ဒေါသမထွက်ပဲ နေနိုင်မလဲ။

"ကိုယ် နံနက်စာ သွား၀ယ်လိုက်အုံးမယ်....
အိပ်ယာပေါ်မှာ ကိုယ် မင်းအတွက်အ၀တ်အစားတစ်စုံချပေးထားမယ် "

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now