Part -5

846 52 3
                                    

Unicode

"ရိပေါ်! အခြေအနေလေး လင်းပါအုံး တစ်ချက်လောက်"

"ဘာကိုလဲ!"

မေးသည်ကို မဖြေပဲ ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသော ရိပေါ်အား ထိုလူငယ်က မျက်စောင်းထိုးပါတော့သည်။

"မင်းကောင်လေးအကြောင်းလေ
ဖားသားကြီးက မင်းနဲ့သူ့ကို သဘောတူတယ်မို့လား
ငါ့ ဆဋ္ဌမအာရုံကနေ သိနေတယ်"

"ဆဋ္ဌမအာရုံဆိုတာ သရဲတွေကိုမြင်ရတာ လဒကောင်ရဲ့"

'Moon Club'၏ထောင့်ကျကျစားပွဲတွင် ထိုင်နေကြသော လူ၎ဦး။
ဝမ်ရိပေါ် ၊ ဝမ်ဟောက်ရွှမ်း ၊စုန့်ကျိရန်နှင့် ကျင်းဇီရွှမ်း။

Clupဆိုသည့်နေရာဟာ လူတိုင်းခွက်ချင်းတိုက်နေသည့်နေရာဆိုပေမဲ့
၀မ်ရိပေါ်သည် မသောက်တတ်သူမို့ သူငယ်ချင်းတွေတွေ့ဆုံရန် ချိန်းထားမှသာ ဤနေရာသို့ လာတတ်၏။
အရင်က အနဲငယ်တော့သောက်တတ်ပေမဲ့
သူကိုကိုနှင့်တွဲသည့်အချိန်တည်းက အရက်၊ဆေးလိပ် မသောက်ဖို့ အထူးတားမြစ်ထားသည်လေ။
ရိပေါ်က သူ့ဖားသားကြီး၏ စကားကိုသာ နားထောင်တစ်ချက် နားမထောင်တစ်ချက်။ သူ့ကိုကိုစကားဆို တဟုတ်ဟုတ်နှင့်နာခံတတ်သည်။

နိုင်ငံခြားသို့ သူငယ်ချင်းများနှင့်အတူ ကျောင်းသွားတတ်သည့်အချိန်က သူ့မှာ ၂နှစ်ကျော်လုံး ခွေးအ,ကြီး လှည်းနင်းခံရသလို ရုပ်ပျက်ဆင်းပျက်။
သူ့ကိုကို,ကို အလွှမ်းနာကျပီး ညညဆိုအိပ်ရေး၀အောင်မအ်ိပ်တော့ မျက်ကွင်းတွေပါညိုလို့။
အမြဲတမ်း လဒမှိုင် မှိုင်ကာ ဆေးလိပ်လဲသောက်ပါသေးသည်။
၀မ်သခင်ကြီးစောင့်ကြည့်ခိုင်းထားတဲ့ သက်တော်စောင့်တွေက ပြန်တိုင်တော့
စာမသင်ရင် chinaကို မပြန်ရဘူး ဟုတစ်ချက်လွှတ်အမိန့်တော်ထုတ်မှ ရိပေါ်က မျက်တွင်းဟောက်ပက်နှင့် စာကုန်းရုံးလုပ်၏။

"ရိပေါ်! မင်း ဝမ်ချောင် နဲ့တွေ့သေးလား"

"အဲ့ကောင်က တအားပါရှုပ်ပဲ သောက်မြင်းကပ်လိုက်တာ"

ဇီရွှမ်းက ဝိုင်ခွက်အား လှည့်ရင်း မေးတော့
ရိပေါ်အစား ဟောက်ရွှမ်းက ဝင်ဖြေသည်။

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now