Part-30

565 28 2
                                    

Unicode

Shirtလက်ရှည်အဖြူ၏ ကော်လံတွင် Necktieအနက်ရောင်အား သပ်ရပ်စွာ ချည်နှောင်ပြီး
အပေါ်ကုတ် အနီရောင်အား ထပ်မံ၀တ်ဆင်လိုက်သည့် ရှောင်းကျန့်ဟာ မှန်ထဲမှ သူ့ပုံရိပ်အား ခပ်ကြာကြာ ကြည့်နေမိသည်။

"အဆင်ပြေသွားမှာပါ....
ဒီညပြီးရင် ငါ့ရဲ့နတ်သားလေးရိပေါ်က နတ်သမီးတစ်ယောက်နဲ့ လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင် နေသွားကြမှာ...
ဒါဆို ငါလဲ အလိုက်သတိ ထွက်သွားလို့ရပြီ..အဟင့်!"

ပါးပြင်ပေါ် တောက်ခနဲ ကျလာသည့်မျက်ရည်စအား 
လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်ရင်း နီရဲနေသောမျက်၀န်းများဖြင့် အားယူပြုံးလိုက်ပါသည်။

"ပြုံးထားစမ်း! ရှောင်းကျန့်..
ဒီနေ့က တစ်ဦးတည်းသော မင်းအစ်မရဲ့ မင်္ဂလာပွဲနေ့ပဲ....
အင်း..ပျော်နေသင့်တာပေါ့"

ဒေါက်! ဒေါက်!

"အငယ်လေး....
အ၀တ်လဲပြီးပြီလား
ချန်ကောတို့ သွားကြမယ်လေ..."

အခန်းတံခါး လာခေါက်သည့် ကျန်းချန်၏ အသံက အလွန်တက်ကြွနေဟန်ရှိသည်။

"ဟုတ်ကဲ့ ချန်ကော...
ကျွန်တော် ထွက်လာခဲ့မယ်"

ရှောင်းကျန့်က ကုတင်ပေါ်တွင် ဘေးစောင်းတင်ထားသည့် ဂစ်တာလေးအား လှမ်းကြည့်လိုက်မိသည်။

ကျဲရဲ့ လက်ထပ်ပွဲပြီးလို့ ချုံချင်းသွားမဲ့အခါကျ မောင့်ရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့၊ မောင့်အငွေ့အသက်တွေရှိနေတဲ့ ဂစ်တာလေးကိုတော့ ရှောင်းကျန့် ယူနိုင်ကောင်းပါရဲ့။

ဟိုကောင်လေး ရွှယ်ရန်ကတော့ ပွစိပွစိ ပြောလိမ့်မည်။

"ပြတ်နိုင်တာလဲမဟုတ်ဘဲ
ကိုယ့်သဘောနဲ့ကိုယ် ထွက်လာခဲ့ပြီး
ဘာလို့ သူ့ပစ္စည်းတွေ ယူလာခဲ့သလဲ?" ဟူ၍။

အဲ့ဒီနေ့...သူ ရိပေါ်မပါဘဲ ကုမ္ပဏီကို သွားခဲ့တဲ့နေ့က
အလုပ်ခန်း စားပွဲပေါ်မှာ ရှိနေတဲ့စာလေးကိုသာ မဖတ်မိခဲ့ရင် ဒီလိုအတွေးမျိုး၀င်လာမှာမဟုတ်ဘူးလေ။
ဒါပေမဲ့လည်း ဒီစာကို ရိပေါ်မဟုတ်ဘဲ သူကိုယ်တိုင်ဖတ်လိုက်တာကိုပဲ ကျေးဇူးတင်ရမည်။

🌸MY FIRST LOVE🐇 (Completed)Onde histórias criam vida. Descubra agora