Part-8

673 47 1
                                    

Unicode

"ခင်ဗျားခုထိ မပြန်နိုင်သေးဘူးလား!"

Sweet Cofeeဆိုင်လေးအတွင်း ဝမ်နင်၏ အော်သံက စူးခနဲ ထွက်လာခဲ့၏။သို့သော် အော်ပြောခံရသူက တုတ်တုတ်မျှ မလှုပ်။
ဆိုင်ထဲတွင် ဝယ်သူ မရှိလို့သာ တော်သေးသည်။
မဟုတ်လျှင် ၀မ်နင့်ဒေါသကြောင့် အားလုံးကြောင့်လန့်ပြေးကြမှာမြင်ယောင်မိပါ၏။
သည်လူကတော့ ထူးခြားစွာ ရေသေလိုတည်ငြိမ်နေသည့်မျက်၀န်းနက်တွေက ၀မ်နင့်အားကြည့်သည့်အချိန်ဆို နွေးထွေးနေသည်။

၀မ်နင်လက်ထဲတွင်ကိုင်ထားသောဖန်ခွက်အား အ၀တ်ဖြင့်ခပ်ကြမ်းကြမ်းဖိပွတ်နေမိ၏။
စိတ်ထဲတွင်တော့ မိမိရှေ့မှလူအား ထိုဖန်ခွက်နှင့် အကြိမ်ထောင်သောင်းမက ပစ်ပေါက်ပြီးနေလောက်ပြီ။
ကျန်းဖန်ရှင်း! ဘေးတစောင်းသွားတဲ့ခွေးသတောင်းစားလေး!!

"သခင်လေးတို့ ပြန်လာတဲ့အချိန်
ကိုယ်ပြန်ရမဲ့အချိန်ပဲ"

ခပ်တည်တည်ပြောလာသူကြောင့် ထွက်နေသည့်ဒေါသက ငယ်ထိပ်တက်ဆောင့်တော့သည်။။
ဝမ်နင် ရှောင်ကျန့်တို့အိမ်မှ ပြန်လာပြီး သိပ်မကြာလိုက် ၊
ဆိုက်ကယ်တစ်စီးနှင့်အတူ ကောင်းစုတ်လေးဟာ သူ့လင်နှင့် အပြင်ထွက်သွားသည်မှာ ပြန်ကိုပေါ်မလာတော့။။
သူ့လင် နိုင်ငံခြားက ပြန်ရောက်ကတည်းက
ရှောင်ကျန့် သိပ်ပြီး ဆိုင်မကပ်တော့တာ ၀မ်နင်သတိထားမိသည်။
ဟိုအကောင်ကလဲ စောက်လုပ်မရှိဘူးလားမသိဘူး တစ်နေ့တစ်နေ့ ရှောင်ကျန့်ဆီ လာချွဲကာ အပြင်ရအောင်ခေါ်ထုတ်သွားတတ်၏။
ရှောင်ကျန့်သည်လည်း တစ်မောင်ထဲမောင်နေသည်မှာ
ကြာလာလျှင် တစ်ကိုယ်လုံးမှောင်တော့မည့်ကိန်း။

'ring.. ring.. လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပ! တီ '

စိတ်တိုတိုနှင့် ရှောင်ကျန့်အား ပြန်လာရန် ဖုန်းဆက်ပေမဲ့ ကောင်စုတ်လေးက ဖုန်းမကိုင် ။
ခုချိန်လောက်ဆို သူ့လင်နှင့် ကြည်နူးတစ်တီတူးနေလောက်ရောပေါ့။

"ရှောင်းကျန့်....ရှောင်ကျန့်
ငါဘာလို့မင်းကို သဘောကျမိပါလိမ့်
ငါနော်! သေချင်လိုက်တာ"

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now