Part -2

1.2K 81 6
                                    

Unicode

အန်တီကြီးအနောက်မှ ရိပေါ်က လိုက်ပါသွားတဲ့အခါ
ဧည့်ခန်းက ရိပေါ်၏ အိပ်ခန်းတစ်ခန်းစာပင် မရှိပေမဲ့ သူ့နေရာနှင့်သူ သေသေသပ်သပ်ရှိပါ၏။
ဧည့်ခန်း စားပွဲပေါ်တွင် သစ်သီးတစ်ချို့နှင့် ပိတောက်ခြောက်ရောင် ကြွေအလှပန်းအိုးလေးဖြင့် နှင်းဆီပန်း အနီရင့်ရင့် ငါးပွင့် ထိုးထားသည်။ ဧည့်ခန်း၏ ညာဘက်တွင် ထမင်းစားခန်းရှိ၍ ဘယ်ဘက်တွင် သန့်စင်ခန်းရှိပြီး ထမင်းစားခန်း တံခါးပေါက်နားတွင်တော့ အပေါ်ထပ်သို့ တက်ရသော လှေကားအဖြူလေးရှိနေ၏။
ကိုကို နေထိုင်သည့်အိမ်ကလေးမို့ ရိပေါ် သေချာ အိမ်ထောင့်စေ့အောင်ကြည့်နေမိသည်။

ကိုယ့်အိမ်ကိုတော့ တစ်ခါမျှ ဘယ်နားမှာ ဘာရှိတယ်ဆိုတာ မကြည့်မိ။

"လာထိုင်လေ သား
ကော်ဖီသောက်မလား ဒါမှမဟုတ် အအေးသောက်မလား..သား"

သူ့အပေါ် သားအရင်းသဖွယ် ပြူငှာစွာ ပြောလာသည့်အန်တီကြောင့်ဘရိပေါ်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ကာ

"ဘာဖြစ်ဖြစ် ရပါတယ် အန်တီ"

ထို့နောက် အန်တီက ထမင်းစားခန်းတွင်းသို့ ဝင်သွား၍ ရိပေါ်က သေးငယ်သောsofaလေးပေါ် ဝင်ထိုင်လိုက်စဉ် ဖုန်းထံမှ messageဝင်လာ၏။။

" ဒီCoffeeဆိုင်မှာ သူကအလုပ်လုပ်ပါတယ် သခင်လေး"

ကျန်းဖန်ရှင်းက စာနှင့်တကွ coffeeဆိုင်ပုံလေးပါ ပို့လာသည်။

"သား..ကော်ဖီရပြီ "

"ကျေးဇူးပါခင်ဗျ"

ရိပေါ်က coffee ပူပူနွေးနွေးအား လေမှုတ်၍ သောက်ကြည့်လိုက်သည်။
သကြားပါဝင်မှုနည်းပြီး coffeeအမှုန့်ကိုသာ ထည့်ဖျော်ထားသည်မို့ မချိုလွန်း၊မခါးလွန်းပေ။ ဒီလိုအေးချမ်းသော ရာသီနှင့် coffeeပူပူလေးက လိုက်ဖက်သည်။

"ဒါနဲ့ သားက ဘယ်မှာနေတာလဲ
ဘယ်လိုလုပ် လမ်းပျောက်သွားတာလဲ"

ထိုအခါ ရိပေါ်က ကော်ဖီခွက်အား ခွက်ခံသည့်ပန်းကန်ပြားလေးအတွင်းသို့ ပြန်ချကာ

"ဒီပေကျင်းမြို့ထဲမှာပဲအန်တီ၊ သား ဆယ်တန်းပြီးကတည်းက ဒယ်ဒီ့ဆွေမျိုးတွေရှိတဲ့ ဝါရှင်တန်မှာ ကျောင်းဆက်တက်ရလို့ ဒီကနေရာတွေကို သိပ်မမှတ်မိတော့ဘူးရယ်..
ဒီမြို့က အတော်လေးပြောင်းလဲသွားတာကြောင့်လဲ ပါလိမ့်မယ်"

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now