Part -10

686 44 1
                                    

Unicode

ဆိုင်ထဲ လူဝင်လာသည်ကိုတောင် သတိမထားမိသူနှစ်ယောက်ကြောင့် ရှောင်ကျန့်မှာ ဝင်လာမိသည်ကိုပင် နောင်တရချင်သွားသည်။

"ကိုကို့ကို မောင်ပြောသားပဲ"

"သွား..သွားမယ်လေမောင်"

ထွက်လာမိသည့်နေရာက တောင်ကုန်းလေးဆ
"မောင်တို့လဲ နမ်းကြမလား?"

"ဟင်.. ဟို....မောင်!"

ပြုံးကာ မေးလာသော ရိပေါ်ကြောင့် ရှောင်ကျန့်မှာ မနေတတ်မထိုင်တတ်။

"မောင် တစ်ခါမှမနမ်းဖူးဘူးသိလား...
မောင့် ဒယ်ဒီနဲ့မာမီကိုတောင် မနမ်းဖူးဘူး
မောင့်အနမ်းဦး မောင့် First kissက မောင့် အချစ်ဦးအတွက်
ကိုကို့အတွက်..."

"မောင်ရော နမ်းဖူးလား"

"ဟို..မားက မားမွေးနေ့လက်ဆောင်အဖြစ် ငါ့ပါးကိုနမ်းဖူးတယ်"

ထိုအခါ ရိပေါ်က ရယ်လျှက်

"ကိုကိုပြောမှသတိရတယ်
မောင့်ကိုလဲ ဖွားက ပါးကို ခနခနနမ်းဖူးတယ် ကြီးလာတဲ့အထိပဲ
အသဲယားရင် ကိုက်တောင်ဆွဲသေးတယ်
ဒီမှာကြည့် မောင့်ခပါးလေးတွေ ဖွားကြောင့် ပိုဖောင်းကုန်ပြီ"

ရှောင်ကျန့်အနေရခက်မည်စိုး၍ ရိပေါ်က စကားလမ်းကြောင်းလွှဲလိုက်ရ၏။
သူ့ကိုကိုက ရှက်သွားရင် ဘာမေးမေးမဖြေတော့ဘူး ၊
စကားလဲမပြောတော့ဘူးလေ။
ရိပေါ်ကတော့ အဲ့လိုမဟုတ်၊ ရှက်သွားရင် လည်ဂုတ်ပွတ်ကာ ရယ်တတ်သည်
စိတ်ဆိုးသွားရင်တော့ စကားမပြောတော့ဘူး ၊တစ်ဖက်က ချော့မလာခင်အထိ။

ရိပေါ်က ရှောင်ကျန့်မျက်နှာရှေ့ သူ့ပါးအား ဖောင်းကာ ပြသည်။

"မောင့်ဖွားက ရှန်ဟိုင်းကိုပြန်သွားပီလား
ဒီကို ပြန်မလာတော့ဘူးလား"

"ကိုကိုက ဖွားကိုလွှမ်းလို့လား
စိတ်မပူနဲ့ ဖွာက ပေကျင်းနဲ့ရှန်ဟိုင်းကို အိမ်ဦးနဲ့ကြမ်းပြင်လို အသွားအပြန်လုပ်နေကျ ၊ပြောလဲနားမထောင်ဘူး ၊ခလေးကျနေတာပဲ နားတအားထူတာ
ကိုကို အခုဖုန်းဆက်ပီး တွေ့ချင်တယ် ပြောကြည့်ပါလား
Flightနဲ့ချက်ချင်းရောက်လာလိမ့်မယ်"

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now