Part-25

547 34 0
                                    

Unicode

ရှောင်းကျန့် သူ့အစ်ကိုဖြစ်သူ ကျန်းချန်အား
အိမ်သို့ ပြန်ပို့ပြီးတဲ့နောက် မသွားဖြစ်တဲ့
၀မ်နင်၏ ကော်ဖီဆိုင်လေးမှာ အလုပ်ကူလုပ်ပေးနေတာမို့
ရိပေါ်လဲ သူ့ကိုကိုစိတ်တိုင်းကျ
ထိုဆိုင်မှာပဲ ထိုင်စောင့်နေပေးလိုက်တာကြောင့် ကော်ဖီဆိုင်မှာပင် တစ်နေကုန်သွားတော့သည်။

လန်ရှီးချန်ကတော့ မျက်နှာပြောင်စွာ
ရှောင်းကျန့်တို့အိမ်ပေါ်တက်နေပြီး အိမ်အလုပ်တွေကူလုပ်ကာ ရှောင်းကျန့်မားကို မျက်နှာလုပ်ကာ အမှတ်ယူနေသည်တဲ့။
ချန်ကောဆိုသည်မှာလဲ လန်ရှီးချန်ကို
နှင်လွတ်ဖို့နေနေသာသာ မနက်စာပင်
ခေါ်ကျွေးလိုက်သေးသည်။

ရှောင်းကျန့်သိတာပေါ့! ၊ချန်ကောကို
အဲ့လူကြီးက အတင်းအကြပ် ခေါ်သွားတာကိုလေ။
ဒါပေမဲ့ သူ့ရဲ့ချန်ကောကို ဘာဆေးတွေများ
ကျွေးထားလို့ ချန်ကောက လန်ရှီးချန်ကို မျက်နှာသာပေးနေရတာလဲမသိဘူး။

မောင်က သူ့အစ်ကိုဘက်ကနေကာပြီး
ပြောပါသေးတယ်။
"ရှီးချန်ကောနဲ့ ကိုကို့အစ်ကို ညားသွားတော့လဲ
မောင်တို့နှစ်ယောက် စေ့စပ်ခွင့်ရသွားတာပေါ့.."တဲ့!။

ညပိုင်း ၀မ်အိမ်တော်ကိုပြန်ရောက်တော့
ဖွားမိန်လီအခန်းထဲမှ ထွက်သွားသည့်
ဒေါက်တာကြောင့်
လန့်ဖြန့်သွားသည့် နှစ်ယောက်က ဖွား၏
အခန်းထဲသို့ အတင်းပြေး၀င်လိုက်ကြသည်။

"ဖွား...ဘာဖြစ်လို့လဲ.."

"ရှူး.."

ဆေးပိုက်ချိတ်ထားတာ​ရကာ
ကုတင်ပေါ်တွင်အိပ်ပျော်နေသည့်ဖွားဘေးတွင်
ထိုင်နေသော ရိပေါ်၏ ဒယ်ဒီက
နှုတ်ခမ်းပေါ်လက်ညိုးတင်ကာ တိုးတိုးနေရန် ပြော၏။

"လာ....မင်းတို့ဖွားအိပ်နေတယ်
အပြင်မှာထွက်ပြောမယ်.."

ဆိုဖာပေါ်တွင် ပစ်စလက်ခတ်
ထိုင်ချလိုက်သည့် ၀မ်လီဟန်က 
ဒူးပေါ် တံတောင်ထောက်လို့ မျက်နှာအား
လက်ဖြင့် ကြမ်းတမ်းစွာ ပွတ်သတ်လိုက်သည်။

ရိပေါ်နဲ့ရှောင်းကျန့် ဆိုဖာပေါ် ထိုင်လိုက်တော့
ဒယ်ဒီက သက်ပြင်းရှည်တစ်ခုချရင်း

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now