Part-33

609 37 2
                                    

Unicode

"ကိုကို!!!"

ဆိုင်ကယ်ကဖြင့် ကောင်းကောင်းတောင် မရပ်ရသေး၊ခြံအ၀တွင် စုစုလေး ရပ်နေသည့် ရှောင်းကျန့်ကို လှမ်းခေါ်နေသည့် ရိပေါ်။

"မောင်....
မျန်မျန့်ဘယ်မှာနေလဲဆိုတာသိလား"

"မောင်မသိဘူးကိုကို
ကျင်းလင်တော့သိလောက်မှာပါ...
အယ်....အခုချိန်လောက်ဆို မျန်မျန့် ကော်ဖီဆိင်ဖွင့်လောက်ရောပေါ့..."

ရှောင်းကျန့်ဆီမှ စကားသံတစ်ခုခုကြားချင်ပေမဲ့ ဘာမှမပြောတဲ့ကိုကိုကြောင့် ရိပေါ် helmetသာ ဆောင်းပေးကာ ဆိုက်ကယ်ပေါ် ပွေ့ချီတင်လိုက်၏။

၀မ်ရိပေါ်နဲ့တွေ့မှ ရှောင်းကျန့်အဖြစ်က သုံးနှစ်သားခလေးငယ်လိုပင်။
အစစအရာရာ အငယ်ဖြစ်သည့် ရိပေါ်ကချည်းလိုက်လုပ်ပေးနေတော့ တစ်ခါတစ်လေ ရှောင်းကျန့်မှာ မောင့်ကို အားနာရ၏။

"ကိုကို...."

"ဟင်!"

"မောင့်ခါးကိုဖက်ထား"

"ငါဖက်ထားပါ့မယ်
မောင်က အရှေ့တည့်တည့်ကြည့်မောင်း"

ပါးစပ်ကပြောနေသော်ငြား ရိပေါ်လက်တွေက ရှောင်းကျန့်လက်အား နောက်ပြန်ကိုင်ကာ သူ့ခါးဆီ ဖက်ခိုင်းနေပြီး မျက်နှာကလဲ တစ်ခြမ်းစောင်းကာ ရှောင်းကျန့်ကိုကြည့်နေတာမို့ အလန့်တကြား ပြောလိုက်ရ၏။

ဆိုက်ကယ်ကို လက်နှစ်ဖက်လုံးလွှတ်ပြီး
မောင်းနိုင်တဲ့စကေး ၀မ်ရိပေါ်ဆီမှာရှိနေမှန်းရှောင်းကျန့်မသိခဲ့ပါ။

ဆိုင်ထဲ၀င်လိုက်သည်နှင့်
ကောင်တာတွင် ကျင်းလင်နှင့် တဟားဟားရယ်မောကာစကားပြောနေသည့်မျန်မျန့်က ရှောင်းကျန့်တို့ကို တွေ့သွားသည်ထင်၊ ချက်ချင်းကို ပြေးလာတော့တာပင်။
သူမပြေလာတော့အနောင်မှ ကျင်းလင်ကလဲ တကောက်ကောက်လိုက်ပါလာ၏။

"ကျန့်ကောကော.....
မျန်မျန့်ဆီအလည်လာတာလားဟင်"

"ကိုကိုက နင့်ဆီဘာလို့အလည်လာရမှာလဲ..."

"ဟွန့်! နင့်မေးလို့လား
ကျန့်ကောကော လာ..."

မျန်မျန့်က ရှောင်းကျန့်အား ဆွဲကာ လွတ်နေသည့်၀ိုင်းတစ်နေရာသို့ ခေါ်သွားတော့၏။
မျန်မျန့်က ရှောင်းကျန့်နှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည့်အခါ ရိပေါ်နှင့် ကျင်းလင်က သူတို့၏ သက်ဆိုင်သူဘေးတွင် ၀င်ထိုင်ကြ၏။

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now