Part -19

550 41 4
                                    

Zawgyi

ရေချိုးပီး အဝတ်လဲပီးလို့ အိပ်ခန်းထဲဝင်လာတော့ ကုတင်ပေါ်ဘေးတစ်ခြမ်းစောင်းကာ ကျောခိုင်း၍အိပ်နေသူက ရိပေါ်၏ အသက်တမျှချစ်ရသည့်ကိုကို။

အခန်းမီးခလုတ်အားပိတ်၍ ကုတင်ပေါ်အသာတက်ကာ ကိုယ်လုံးသေးသေးလေးအား ကျစ်ကျစ်ပါအောင်ဖက်ထားလိုက်သည်။
ကျန်နေသည့်ခြေထောက်နှစ်ယောက်အနက် တစ်ဖက်အား ခွဖက်ထားရင်း နောက်တစ်ဖက်အား ရှောင်ကျန့်ပေါင်ကြားထဲ ထိုးထည့်ပီး မျက်လုံးမှိတ်ထားလိုက်သည်။မျက်နှာကလဲ ပြုံးစိစိဖြင့် တစ်စုံတစ်ခုအား ကြံစည်နေသယောင်။
အိပ်ချင်ယောင်ဆောင်နေသူလေး အနေခက်ပြီးနိုးလာတော့မှာမြင်ယောင်သေး။
ိဝမ်ရိပေါ်ဆိုတဲ့အကောင်ဟာ အမြဲရွှတ်နောက်နောက်နေတတ်တာမို့ သူများတွေလိုroလဲမroတတ်။ ဒါပေမဲ့ ရှောင်ကျန့်ရဲ့အကျင့်ကိုတော့ ကောင်းကောင်းကြီးသိသည်။ကိုကိုက သူ့ပေါင်ကို ထိရင်သိပ်ယားတတ်တာ၊ရိပေါ်ကလဲ အဲ့ဒါကိုအခွင့်ကောင်းယူပြီး သူ့ခြေထောက်နဲ့ပေါင်ကိုပွတ်နေ၏။

သိပ်မကြာလိုက်၊လှုပ်ယွလှုပ်ရွနှင့်ရှောင်ကျန့်က ရိပေါ်အားတွန်းကန်လာသည်။

ထိုအခါ ရိပေါ်က မျက်လုံးမှိတ်ရင်း ပြုံးကာ လွှတ်ပေးလိုက်တော့ စိတ်ဆိုးနေသူက ထထိုင်ကာ ရိပေါ်အားငုံ့ကြည့်၍

"စမနေနဲ့၊မီးပိတ်ရင်အိပ်တတ်တာလဲမဟုတ်ဘဲ"

လှဲလျောင်းနေသည့်ရိပေါ်အား မျက်စောင်းလှလှဖြင့်ကြည့်လာသည့်ရှောင်ကျန့်က ညဘက်လရောင်အောက်မှာ အလှကြီးလှနေသည်။
ရိပေါ်ရဲ့ကိုကိုက တည်တည်နေလဲ လှသည် စိတ်ဆိုးနေလဲ လှသည်
ပြုံးနေရင်လဲ ပိုလှသည်
ရယ်လိုက်လျှင် သွားကြီးလေးနှစ်ချောင်းနှင့် ပိုလို့တောင်လှသေးသည်။
တစ်ခါတစ်ခါ နှစ်နှစ်ခြိုက်ခြိုက်ရယ်လိုက်လျှင် ပါးခြိုင့်လေးများက ထင်းခနဲ။
ရိပေါ်ဆို မှင်သက်ပီးပါးစပ်အဟောင်းသား သွားရည်တမြှားမြှားနှင့် ငမ်းရသည်။

"မီးမလာလဲ ကိုကိုရှိနေရင်မောင်ကအိပ်တတ်တယ်
ဒါပေမဲ့ ကိုကိုက ဘာလို့စိတ်ဆိုးနေတာလဲ"

ရှောင်ကျန့်က မဖြေဘဲ မီးခလုတ်အားသွားပြန်ဖွင့်ကာ ရေပုလင်းအဖုံးဖွင့်၍ ရေသောက်နေလိုက်သည်။

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now