Part-23(Unicode)

497 32 0
                                    

"အားလီ ကိုယ်မင်းကိုချစ်တယ်"

"ရှင်!"

တစ်ယောက်က ဖွင့်ပြောပြီးပြီးချင်း ခေါင်းငုံ့ကာ
ငြိမ်သက်နေသလို ကျန်တစ်ယောက်ကလည်း မထင်မှတ်ထားသည့်အ​ခြေအနေတွင်
ရီးစားစကားအပြောခံလိုက်ရတာကြောင့်
စွံ့အစွာ ကြောင်ပြီး ကြည့်နေ၏။

Ceoရုံးခန်းအပြင်ဘက်တွင်တော့
လူနှစ်ယောက်က ကုန်းကုန်းကွကွဖြင့် တံခါးအား အသာဟ,ကာ ချောင်းကြည့်နေပါသည်။

"အားလီ.....ကိုယ်..တကယ်ပြောတာပါ
ကိုယ် ဟိုးအရင်ကတည်းက အားလီကိုချစ်နေတာ"

ပြောရင်းဆိုရင်း ယန်လီ့လက်နှစ်ဖက်အား
သူ့လက်ဖဝါးထူထူကြီးဖြင့် အုပ်ကာ
ဆုပ်ကိုင်လာတာမို့
ယန်လီ၏ကိုယ်လေးဟာ ကျုံ့ခနဲ။

"ဟို...Ceo...
Ceoမှာ လက်ထပ်ရမဲ့မိန်းခလေးရှိနေတယ်မလား
ဒီလိုမပြောသင့်..!"

"ကိုယ်လက်ထပ်မယ်လို့ တစ်ခါမှမပြောဘူးပါဘူး အားလီရယ်..."

"ဒါပေမဲ့ Ceoက စေ့စပ်ထားတဲ့လူနော်
မကြာခင် လက်ထပ်ရမှာမဟုတ်လား"

"မဟုတ်ဘူး,စေ့စပ်တယ်ဆိုတာက မိဘတွေသဘောပါကွာ...
ပြီးတော့ စေ့စပ်ပွဲဆိုတာကလဲ ဖျက်သိမ်းလိုက်တာကြာနေပြီ၊
ကိုယ်က အခုဆို လူလွတ်တစ်ယောက်ဖြစ်နေပြီလေ...."

"Ceo..!"

"အရင်ကလို ရင်းရင်းနှီးနှီး ခေါ်ပါလား အားလီ..
ပြီးတော့ ကိုယ်..."

ယန်လီက သူမလက်အား သူ့လက်ထဲမှ အတင်းရုန်းပစ်ရင်း

"ကျွန်မတို့က အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးပါCeo၊ ဘယ်တုန်းကမှလဲ မရင်းနှီးခဲ့ပါဘူး
ကျေးဇူးပြုပြီး အနေအထိုင် ဆင်ခြင်ပေးပါ Ceo"

ယန်လီက ငွေစာရင်း လက်မှတ်ထိုးဖို့
ရုံးခန်းဆီ လာခဲ့တာမှန်ပေမဲ့ ရောက်ရောက်ချင်း ပြောချလိုက်သည့်စကားလုံးများကြောင့်
ငွေစာရင်းစာချုပ်အား စားပွဲခုံပေါ်မှ ကမန်းကတန်းပြန်ယူကာ
ကျင်းဇီရွှမ်းအနားမှ ခပ်တင်းတင်း ထွက်လာခဲ့၏။

"ဋ္ဌာ...ဋ္ဌာနမှူး!"

တံခါးဖွင့်ဖွင့်ချင်း တွေ့လိုက်ရသည့်
ဋ္ဌာနမှူးကျဲကျဲနှင့်အတူ စာရင်းကိုင်ကောင်လေးကြောင့်
ယန်လီ့ရင်ထဲ ဒိန်းခနဲဖြစ်သွားရသည်။

🌸MY FIRST LOVE🐇 (Completed)Où les histoires vivent. Découvrez maintenant