Part-34(Final)

1.2K 42 0
                                    

Unicode

"ဘာလာလုပ်ပြန်တာလဲ ရှင်!''

"ပျင်းလို့ အလည်လာတာ.."

Shootingအထိ လိုက်လာကာ တစ်ချိန်လုံး သူမအားထိုင်ကြည့်နေသည့် ထိုသူအား ကျောင်းကျောင်း စိတ်လေသလိုကြည့်လိုက်မိသည်။
အလုပ်အကိုင်မေးကြည့်တော့လဲ တက်သစ်စModelလေးတွေကို ဓာတ်ပုံရိုက်ပေးရသည့် Camera Man။ထိုအလုပ်ကလည်း သူ့မွေးရပ်မြေ ချုံချင်းတွင် နေထိုင်စဥ်က လုပ်ခဲ့သည့်အလုပ်အကိုင်။

လက်ရှိအလုပ်အကိုင်ကို မေးကြည့်ပြန်တော့လဲ ဘယ်သူမှ အလုပ်မခေါ်လို့ ဒီလိုလျှောက်သွားနေတာတဲ့လေ။

အလုပ်လိုက်မလျှောက်ပဲ ကားတစ်စီးနှင့် လျှောက်သွားနေသူကို ဘယ်သူကအလုပ်ခေါ်ပါ့မလဲ။

နောက်ဆုံး သူမစဥ်းစားလိုက်မိသည်က တက်သစ်စမင်းသမီးတစ်ယောက်ဖြစ်သည့်သူမတွင်လဲ MadeUp Artistနှင့်Stylistသာရှိတာမို့ ထိုလူကို Cameramanအဖြစ်ထားဖို့သာ။

"အိမ်ပြန်မလား....လိုက်ပို့ပေးမယ်"

ကားခေါင်းပိုင်းတွင် မှီကာ ခြေချိတ်ထားသူက သူ့လက်ထဲရှိ ကားသော့အား ဝှေ့ယမ်းပြ၏။

"ကျွန်မမှာ ကားပါသားပဲ ကိုယ့်ဘာသာပြန်မှာပေါ့
ပြီးတော့အခုက မပြန်ချင်သေးဘူး၊
ပြန်ရင် အိမ်မှာက စိတ်ရှုတ်စရာတွေချည်းပဲ..."

ရွှယ်ရန်က သူ့အနားလာရပ်ကာ ကားအား ကျောမှီရင်းသက်ပြင်းချလိုက်သည့် သူမအား စောင်းကြည့်၏။

"အိမ်...အခုက ၀မ်အိမ်တော်မှာမနေ...!"

"အာ...အသားလွတ်ကြီး သူများအိမ်မှာနေနေလို့တော့ ဘယ်ဖြစ်မလဲရှင်!
အားနာစရာကြီးကို
ဒါကြောင့် ကိုယ့်အိမ်ကိုယ်ပြန်တာ"

"အိမ်မှာမနေချင်ရင် ကိုယ့်တိုက်ခန်းဘေးကအခန်းကို ငှါးနေမလား"

ကျောင်းကျောင်းက ရွှယ်ရန်အား မှဲ့ပြုံးပြုံးရင်း

"အိမ်လခမတတ်နိုင်ဘူး
အဲ့တော့ ရှင်နဲ့အတူနေလို့ရလား..."

ကဲ! ဘာပြောချင်သေးသလဲ
အသန့်ကြိုက်တဲ့ ကိုလူချောကြီး။

"မင်းသာနေနိုင်ရင် ကိုယ်က ဘာလို့မနေနိုင်ရမှာလဲ?
မနက်ဖြန်ပဲ တိုက်ခန်းကို ပြောင်းခဲ့တော့"

🌸MY FIRST LOVE🐇 (Completed)Tempat cerita menjadi hidup. Temukan sekarang