အခန်း (51)

4.9K 781 86
                                    

သင့်အနေဖြင့် တစ်စုံတစ်ယောက်အပေါ်ထားရှိလေသော ယုံကြည်ရခြင်းနဲ့ မျှော်လင့်ချက်များကို စွန့်လွှတ်လိုက်ပြီဆို ထိုသူပြောသမျှသော နွေးထွေးသောစကားလုံးများကိုပင် မုသားအဖြစ် ထင်မှတ်နေလိမ့်မည်..........

ကောင်လေးကို ပွေ့ဖက်ထားတဲ့ တန့်ကျင်းဝမ်းသည်လဲ ထိုကဲ့သို့ပင် နာကျင်နေရပါ၏.......

ရှဲ့ဟယ် တုန်ရီစွာနဲ့ အစွမ်းကုန် ရုန်းကန်နေပြီ.....

"မထိနဲ့.....မထိပါနဲ့.....မထိနဲ့...!!!!!"

ဒေါသတကြီး ဟော်ဟစ်ငိုယိုနေတဲ့ ရှဲ့ဟယ်ရဲ့ အသွင်သဏ္ဍာန်က မျှော်လင့်ချက်အလုံးစုံ ပျက်သုန်းနေသူတစ်ယောက်သဖွယ်.....

"မထိနဲ့......ဘာလို့သဘောကျနေတာလဲ...ဘာလို့သဘောကျနေသေးတာလဲ....ကျွန်တော် ရုပ်ဆိုးနေပြီလေ....တကယ်ကို အကျည်းတန်နေပြီ! !!!!"

ရှဲ့ဟယ် ပြင်းထန်စွာ ရုန်းကန်တွန်းထိုးနေတယ်...ကောင်လေး သူ့ကိုယ်သူ ထိခိုက်အောင် လုပ်လိုက်မိမှာစိုးတဲ့အတွက် ရွေးချယ်စရာမရှိဘဲ တန့်ကျင်းဝမ်း လွှတ်ပေးလိုက်ရပြီ.....တန့်ကျင်းဝမ်းရဲ့လေသံတွေကလဲ ဆို့နင့်ကြေကွဲနေပြီး ရှိုက်သံသဲ့သဲ့ပါကြားနေရပြီ....

" ကိုယ်မင်းကို မထိတော့ပါဘူး...စိတ်လျှော့ပါဉီး.... ကိုယ်မင်းကို ဖိအားမပေးတော့ပါဘူး...."

မျက်ဝန်းနီနီတွေနဲ့ ရုန်းကန်တွန်းထိုးနေတဲ့ ရှဲ့ ဟယ်က ကြောက်ရွံ့ထိတ်လန့်နေတဲ့ အကြည့်တွေနဲ့ သူ့ကို ငေးကြည့်နေတယ်.....

တန့်ကျင်းဝမ်း လက်သီးကို ကျစ်နေအောင်ဆုပ်ထားလိုက်မိတယ်.....

"ကိုယ်ထွက်သွားပေးပါ့မယ်...မကြောက်နဲ့တော့နော်..."

တန့်ကျင်းဝမ်း အခန်းထဲက ထွက်လာပြီးနောက် ပြိုလဲမကျသွားအောင် နံရံကိုမှီပြီး ရပ်နေရတယ်.....မျက်နှာကျက်ပေါ်ကို မော့ကြည့်နေတဲ့ မျက်ဝန်းတစ်စုံက ပိုနွေးစိုစွတ်နေသော်ငြားလဲ မျက်ရည်မကျလာနိုင်ခဲ့ပါ.....

တကယ်တမ်းမှာ သေလုနီးပါးနာကျင်နေရပါတယ်...သို့ပေမယ့်လဲ  အလဲလဲအပြိုအပြိုနဲ့ အော်ဟစ်ငိုကြွေးနေလို့မရနိုင်ခဲ့ပါ.....သူ့ရဲ့ အားငယ်ပျော့ညံ့ခြင်းတွေကို လူသိရှင်ကြား ထုတ်ပြလို့မှမဖြစ်တာ....သေလုအောင်နာကျင်နေပါရက်နဲ့ တည်ငြိမ်နေသယောင်ဟန်ဆောင်နေရခြင်းသည်ကပင်  ကောင်းကင်ဘုံက အပ်နှင်းလိုက်လေသော ပြစ်ဒဏ်ခတ်ခြင်းသာပင်.......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now