ရှီလာသို့ကူးပြောင်းခြင်း

8.9K 451 31
                                    

(Unicode)

' ဒုန်း '

ဟူသောမြည်သံတစ်ခုနဲ့အတူ လေပေါ်မြှောက်တက်သွားသည့် သူ့ခန္ဓာကိုယ် ။ ရုတ်တရက်ပင် ဘေးပတ်ဝန်းကျင်မှအော်သံပေါင်းစုံတို့သည်လည်း သူမကြားနိုင်တော့အောင်ကို ဝေဝါးသွားခဲ့လေပြီ။ ကောင်းကင်ယံမှ ဖွဲဖွဲလေးကျဆင်းနေသည့် မိုးရေစက်တို့သည်လည်း သူ့ပေါ်၌ ပက်ဖြန်းနေသည့်တိုင် သူအားချမ်းအေး‌လာအောင် လုပ်ဆောင်နိုင်စွမ်းမရှိတော့ချေ ။

ထိုအခိုက်၌ သူတွေးမိလိုက်သည်က

' သူသေရတော့မှာလား.... ဟင့်အင်း သူမသေချင်သေးဘူး....သူကခုမှအသက် နှစ်ဆယ့်ခြောက်နှစ်ပဲရှိသေးတာ ပြီးတော့...သူကခုမှ K နိုင်ငံကိုပြန်ရောက်တာလေ... ရုပ်ရှင်ဆုပေးပွဲလည်းတက်ရဦးမဲ့ဟာကို ခုတော့ မီးနီနေတာကိုဖြတ်ပြေးတဲ့ ကလေးမတစ်ယောက်ကိုကယ်လိုက်မိလို့သေရတော့မယ်တဲ့လား ? damn... ကောင်းကျိုးမပေးတဲ့ဟာလေး '
အတွေးမဆုံးလိုက်မှီမှာပင် ပိတ်ကျသွားသည့် သူ၏မျက်ဝန်းတွေနှင့်အတူ သူ၏ဝိဉာဏ်တို့ကလည်း ခန္ဓာကိုယ်မှဆွဲထုတ်ခြင်း ခံလိုက်ရသည် ။ အဖြစ်အပျက်တို့က သာမန်ဆန်စွာနှင့် ထိုနေ့တွင်

' K နိုင်ငံ၏ ရုပ်ရှင်နတ်ဘုရားကြီး Kim Taehyung သည် ကလေးမတစ်ယောက်အားကယ်တင်ရင်း accident ဖြစ်သွားခြင်း '

ဟူသည့် သတင်းသည် ကမ္ဘာအနှံ့ကို အလင်းအလျင်နှုန်းနဲ့ပျံနှံ့သွားလေသည် ။

-----------------------------------------------

တင်းကျပ်စွာမှိတ်ထားမိသည့် မျက်လုံးနှစ်လုံးအား ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ သူရောက်နေသည့်နေရာက လှုပ်လှုပ် လှုပ်လှုပ်နဲ့ သွားနေတဲ့အရာတစ်ခု ပေါ်တွင်ဖြစ်သည် ။ မျက်စိကိုအနည်းငယ်ကစားကာ ပတ်ဝန်းကျင်အား ကြည့်မိတော့ လှုပ်ရှားသွားလာနေသည့် လှည်းတစ်စီးဖြစ်လို့နေသည် ။ ၎င်းက သူ့အသက်ရှစ်နှစ်အရွယ်တွင် နန်းတွင်းဇာတ်လမ်းတစ်ခုရိုက်ခဲ့စဉ်က စီးခဲ့ဖူးသည့် လှည်းနှင့်ဆင်တူသည် ။လှည်း၏အတွင်းပိုင်းက အတော်လေးကိုကျဉ်းမြောင်းပြီး မြေကြီးတို့ဖြင့် အနည်းငယ်ပေရှုပ်နေသည် ။

ထိုအချိန်တွင် သူတွေးမိသည်က...

' ဟမ်.... ငါမသေဘူးလား.... ငါကတော့ ကိုယ့်ကိုယ်ကိုသေပြီထင်နေတာလေး...ကောင်းကျိုးမပေးတဲ့ ကလေးမကို Hero လုပ်ပြီးကယ်တင်ရင်း ကားဝင်ကျုံးတာကိုခံလိုက်ရတာလေ .... ဒါကို ငါကဘာမှမဖြစ်ဘူးလား ? '

I'm Not A Girl |TK|✓Where stories live. Discover now