ရွာသားတို့၏ ကျန်းမာရေးပြဿနာ

1.2K 181 2
                                    

(Unicode)
အပိုင်း - ၃၃

မနက်ခင်းအလင်းရောင်ထွက်လာချိန်တွင် ထယ်ယောင်းတစ်ယောက် လှည်းပေါ်၌နိုးထလာခဲ့သည်။ နံဘေး၌ ဂျောင်ကုကလည်းရှိမနေတာကြောင့် ထယ်ယောင်းလည်းအချိန်မဆွဲတော့ပဲ လှည်းပေါ်မှဆင်းလာလိုက်သည်။ လှည်းအပြင်သို့ရောက်သောအခါတွင် ထယ်ယောင်းမြင်လိုက်ရသည်က ပိုမိုများပြားလာသည့် ရောဂါသည်တွေပင် ။ ကလေးအစ လူကြီးအဆုံးဖြစ်ပေါ်နေသည့် ဤရောဂါသည်အဘယ်သို့သောရောဂါဖြစ်နေကြပါသနည်း ။

စပ်စုလိုစိတ်အနည်းငယ်ကြောင့် လူနာများကြားတွင် ပင်ပန်းနေသည့်သမားတော်တစ်ဦးကိုလှမ်းမေးလိုက်သည် ။

“ သမားတော်ကြီး...သူတို့ကဘာရောဂါဖြစ်နေတာလဲ ? ”

ထယ်ယောင်း၏အမေးစကားကြောင့် အသက်လေးဆယ်ကျော်အရွယ်သမားတော်ကြီးက မောဟိုက်နေသည့်အသံဖြင့်ပြန်လည်ဖြေကြားသည် ။

“ ကြင်ယာတော်...သူတို့က ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာပါ ”

ဝမ်းပျက်ဝမ်းလျှောရောဂါ ဆိုသည့်စကားကြောင့် ထယ်ယောင်းစဉ်းစားမိသည် ။ ထိုခေတ်ထိုအခါတုန်းက ဝမ်းပျက်ဝမ်းလျှောဟူသည့်ရောဂါသည် ကုရန်ဆေးမရှိသောကြောင့် သေစေနိုင်သည့်ရောဂါပြောကြသည် ။ ထို့ကြောင့် ၎င်းကိုကပ်ဘေးတစ်ခုအနေနှင့် သဘောထားကြကာ ကြောက်လန့်ကြသည် ။

နှစ်ဆယ့်တစ်ရာစုမှာဆိုလျှင် ၎င်းရောဂါကကုသ၍ရသော်လည်း ဤရှီလာတွင်တော့မဖြစ်နိုင် ။ မည်သည့်ဆေးဖက်ဝင်အပင်က မည်သည့်အရာကိုသက်သာ‌စေသည်ဟု မသိသောကြောင့် ကူညီဖို့ရန်အခက်အခဲရှိသည် ။ ဝမ်းပျက်ဝမ်းလျှောရောဂါသည်တို့သည် များသောအားဖြင့် အစားအသောက်စားချင်စိတ်များပျောက်ဆုံးပြီး ပင်ပန်းနွမ်းနယ်ကာအားအင်ပြတ်လတ်ခြင်းကိုခံစားရတတ်သည် ။ ထိုသူတို့အတွက်ကတော့ ဆန်ပြုတ်ပူပူလေးတိုက်မှသာ အဆင်ပြေပေလိမ့်မည် ။ ထိုစဉ်...

“ ဘေဘီ...ဘာရပ်လုပ်နေတာလဲ ? ”

အဝေးမှ ရေပုံးထမ်းကာပြန်လာသည့် ဂျောင်ကုက မတ်တပ်ရပ်ပြီးစဉ်းစားခန်းဖွင့်နေသည့် ထယ်ယောင်းကိုမြင်တော့စကားဆိုသည် ။ ထိုအခါမှသာ ထယ်ယောင်းလည်း သတိပြန်လည်လာပြီး ဂျောင်ကုကိုပြုံးပြကာ

I'm Not A Girl |TK|✓Where stories live. Discover now