ချစ်စကားတို့ဖွင့်ဟခြင်း

1.8K 219 19
                                    

(Unicode)

အပိုင်း - ၂၈

နှစ်ဦးသားလက်တွဲကာထွက်လာပြီး အိမ်ရှေ့မိုးမခပင်အောက်သို့ရောက်သော် ဂျောင်ကုကခြေလှမ်းတို့ကိုရုတ်တရက် ရပ်တန့်လိုက်သည် ။

" အချစ်...ဘာလို့ရပ်လိုက်တာလဲ အပြင်ထွက်မှာမဟုတ်ဘူးလား ? "

" အပြင်မထွက်ပါဘူး...ဒီမှာပဲ ထိုင်ကြမယ် "

" ဟမ်...ထယ်က အပြင်ထွက်ပြီး အမြင့်တစ်‌နေရာရာကနေ ကြည့်မယ်ထင်ထားတာ "

" အင်း...အစကတော့အဲ့လိုလုပ်မလို့ပါပဲ...ဒါပေမဲ့ ကိုယ့်ဘေဘီလေးကဒီနေ့ သိပ်ပင်ပန်းသွားပြီလေ...ဒါကြောင့် ဒီအပင်အောက်မှာပဲ ထိုင်ကြရအောင်နော် "

" ဟုတ် ဟုတ်...အသင်မင်းသားပြောတဲ့အတိုင်းဖြစ်စေရပါမယ် "

နှစ်ယောက်သား မိုးမခပင်အောက်၌ထိုင်ပြီးသော် ဂျောင်ကုက ဝါးခြင်းလေးထဲတွင်ထည့်ထားသည့် မက်မွန်ဝိုင်ကိုထုတ်ကာ သေရည်ခွက်နှစ်လုံးထဲသို့ထည့်ရန်ပြင်သည် ။

" အဲ...အချစ် တစ်ခွက်ပဲထည့်နော်...ထယ်မသောက်နိုင်ဘူး "

" နည်းနည်းပဲ...နည်းနည်းပဲသောက်လေနော် "

" မရဘူး...ဝိုင်ကပြင်းလွန်းတယ် ထယ်မသောက်နိုင်ဘူး‌လေ "

" ဟုတ်ပါပြီ...မသောက်နိုင်ရင်လည်းမသောက်ပါနဲ့ ကိုယ်အတင်းကြီးမတိုက်ပါဘူး "

စကားအဆုံး တစ်ကျိုက်မော့သောက်လိုက်သည့် မက်မွန်ဝိုင်က ဂျောင်ကုလည်ချောင်းတစ်လျှောက် ပူစပ်စပ်နှင့်စီးဆင်းသွားလေသည် ။

" အား...သောက်လို့ကောင်းလိုက်တာကွာ...ဘေဘီကိုယ်တိုင်လုပ်ထားပေးလို့လားမသိဘူး "

" ဒါပေါ့...ထယ်ကဒီလောက်တော်တာ...ထယ့်ကိုရတာ အချစ်ကံကောင်းတယ်မှတ် "

" ထယ်ကမှကံကောင်းတာမဟုတ်ဘူးလား...ဒီလောက်ချစ်တတ်တဲ့ ကိုယ့်ကိုရထားတာလေ "

" ထယ်ကမှပိုချစ်တတ်တာပါနော် "

" မဟုတ်ပါဘူး ကိုယ်ကပိုချစ်တတ်တာ "

" ထယ်ကပိုချစ်တာပါဆို "

" ကိုယ်ကပိုချစ်တာ "

I'm Not A Girl |TK|✓Where stories live. Discover now