ဆင်တူဝတ်စုံ

1.7K 197 13
                                    

(Unicode)

အပိုင်း - ၂၉

“ ကြင်ယာတော်...ချုပ်ထားတဲ့ ဝတ်စုံတွေရပြီတဲ့ ”

ဂျောင်ကုနှင့်နှစ်ဦးသား မနက်စာစားနေချိန် လာပြောသည့် ယန်လေးစကားကြောင့် ထယ်ယောင်းလည်း စားလက်စပန်းကန်ကိုချကာ ယန်လေးကို မျက်စပစ်ပြလိုက်ပြီး ဝတ်စုံကိုယူလာခိုင်းသည် ။ အကြောင်းသိနေသည့်  ယန်လေးကတော့ ထယ်ယောင်းပြောသည့်အတိုင်း ဝတ်စုံကိုယူဖို့ထွက်သွားသည် ။

“ ဘေဘီ...ဘာဝတ်စုံလဲ ? ”

“ ဝတ်ဖို့လေ...အသစ်လေးချုပ်ထားတာ...ထယ်က တစ်စုံ အချစ်အတွက်တစ်စုံ ဆိုပြီး ”

“ ဘယ်တုန်းကလဲ ? ကိုယ်တောင်မသိလိုက်ရပါလား ? ”

“ ဘယ်သိပါ့မလဲ...အဲ့ ဝတ်စုံချုပ်ဖို့ကိုလေ လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက အပ်ထားရတာ ”

“ ဘေဘီက ကိုယ့်ရဲ့ ကိုယ်အတိုင်းကိုသိလို့လား ? ”

“ ဒါပေါ့...ဘယ်သိပါ့မလဲ အိမ်တော်ထိန်းကြီးဆီကနေ တောင်းထားရတာလေ...ကဲပါ စကားမများတော့နဲ့ ယန်လေးမလာခင် ထမင်းကုန်အောင်စား မဟုတ်လို့ကတော့ ဒီည ထယ်နဲ့တူတူလည်ရမယ်မထင်နဲ့ ”

“ အာ...စားပြီ စားပြီနော်...ဒီညတော့ တူတူလည်ရအောင်ပါကွာ ”

ဂျောင်ကုလည်း ပြောပြောပြီးချင်း ထမင်းပြန်စားသည် ။ ဘေဘီက အခုတလော ထမင်းနှင့်ပတ်သက်လျှင် အထိမခံဖြစ်လွန်းသည် ။ တခါတရံ ထမင်းစားချင်စိတ်မရှိသောကြောင့် ထမင်းစားမကုန်သည့်အခါတွင် ပြောမကုန်နိုင်သော စကားပေါင်းသောင်းခြောက်ထောင်နှင့် ဆူပူတတ်သေးသည် ။ ဒါက ဘေဘီရဲ့ ဆန်စပါးအပေါ် သစ္စာရှိမှုအကြီးစားဖြစ်သည်လား မသိပေမဲ့ ထမင်းကုန်အောင်မစားသည်ကိုတော့ တကယ်စိတ်ဆိုးပါသည် ။

ပြောသေးသည်က လာမည့်အနာဂါတ်တွင် စစ်ပွဲဒဏ်တွေကြောင့် ပြည်သူများ အစာရေစာပြတ်လတ်ပြီး ဆန်အစား ပြောင်ဆန် တို့ကိုတောင်စားရသည်ဟုပြောသည် ။ တချို့ဆိုလျှင် မြက်ခြောက်ကိုတောင်စားရမည့်သဘောရှိသည် ဟူသောစကားလည်းပါသေးသည်။ ဒီစကားက အနည်းငယ် သံသယဝင်စရာကောင်းနေသော်လည်း ဂျောင်ကုကတော့ ထယ်ယောင်းစကားကို မြေဝယ်မကျနားထောင်ပါသည်။

I'm Not A Girl |TK|✓Where stories live. Discover now