သတို့သမီးအိမ်တော်သို့ ပထမဆုံးပြန်ခြင်း

2.4K 268 5
                                    

(Unicode)

နန်းတော်မှပြန်လာပြီးနောက် ဘာလိုလိုနှင့် နောက်ထပ်သုံးရက်တောင်ကုန်လွန်သွားချေပြီ ။ ရိုးရာဓ‌လေ့အရ မင်္ဂလာဦးပြီးနောက်နှစ်ရက်သည် သတို့သမီး၏ပထမဦးဆုံးမိဘအိမ်ပြန်ရမည့်ရက်ဖြစ်သည် ။ နန်းတော်မှပြန်လာပြီးနောက်ပိုင်း ငြိမ်နေသည့် ထယ်ယောင်းက မိဘအိမ်ပြန်ရမည်‌ဆိုတော့ လင်းကြက်မတွန်ခင်ကတည်းကနိုးနေသည် ။

မိဘအရင်းများမဟုတ်ကြသော်လည်း ထယ်ယောင်းမှာအရမ်းကိုစိတ်လှုပ်ရှားနေမိတာကြောင့် ဆက်အိပ်လို့မရတော့ပေ ။

21 ရာစုမှာတုန်းက သူ့အသက်ဆယ့်သုံးနှစ်အရွယ်မှာပင် မိဘတွေဆုံးပါးသွားတာကြောင့် ဦးလေးဖြစ်သူမိသားစုနှင့် နေထိုင်ခဲ့ရသည် ။ ထိုအချိန်မှစ၍ မိဘမေတ္တာငတ်ခဲ့ရသည့်သူက ယခုရှီလာရှိထယ်ယောင်း၏ မိဘများကိုအစားပြန်ရတော့ ဝမ်းသာမိသည် ။

သူ့မိဘအရင်းတော့မဟုတ်ပေမဲ့လို့ သူကအခု ရှီလာကထယ်ယောင်း၏ ကိုယ်ထဲကိုရောက်နေတာကြောင့် ထယ်ယောင်း၏မိဘကလည်း သူ့မိဘပဲမဟုတ်ပေဘူးလား ။ 

သူဒီခေတ်ကို ဘာကြောင့်ရောက်လာရတာလည်း ၊ ဘာလိုရောက်လာရတာလဲ ဆိုတာကိုအမြဲစဉ်းစားပေမဲ့ လုံးဝကိုနားမလည်နိုင်ပေ ။ ရယူမှုတစ်ခုတိုင်းမှာ ပေးဆပ်မှုတစ်ခုဆိုတာအမြဲရှိတာမို့ သူအခု ထယ်ယောင်းရဲ့ခန္ဓာကိုယ်ကိုမတော်တဆယူထားမိတာအတွက် တစ်နေ့နေ့တော့ သူပြန်ပေးဆပ်ရမဲ့နေ့တွေကတော့ရှိလာမှာပင် ။

သို့သော် ထိုနေ့မထိုင်ခင်အထိသူဘာကိုမှစဉ်းစားချင်စိတ်မရှိသေးလေဘူး ။ အခုလက်ရှိဖြစ်ပျက်နေသည့် အချိန်လေးကိုပဲ သူကောင်းကောင်းမွန်မွန်ဖြတ်သန်းချင်သည် ။ သူဟာယောင်္ကျားတစ်ယောက်ဖြစ်သည် ဆိုတာကိုလည်းဂျောင်ကု‌အား ပြောပြချင်သည် ။ ဒါကို ဂျောင်ကု ဖက်ကဘယ်လိုတုန့်ပြန်မလဲ ဆိုတာကိုမသိပေမဲ့လို့ အခြေအနေပေးသည့်တစ်နေ့တော့ သူသည်မိန်းကလေးတစ်ယောက်မဟုတ်ကြောင်း ဂျောင်ကုအားပြောပြသွားမည်ဖြစ်သည် ။

ဂျောင်ကု နှင့် ထယ်ယောင်းတို့နှစ်ယောက် မနက်စာစားလို့ပြီးတဲ့အချိန်မှာတော့ ထယ်ယောင်း၏မိဘများနေထိုင်သည့် အိမ်ကိုသွားဖို့ပြင်ဆင်ရသည် ။ ဂျောင်ကု ကတော့ သူ့ရဲ့စေတနာတွေကိုပြသဖို့ရန်အတွက် ပြည်မဘက်က နှစ်တစ်ထောင်ဂျင်ဆင်းကိုပြင်ဆင်လာလေသည် ။

I'm Not A Girl |TK|✓Where stories live. Discover now