Extra 1 : ပြန်လည်တွေ့ဆုံခြင်း

2.3K 199 0
                                    

(Unicode)

Extra - 1

အနည်းငယ် ကိုက်ခဲနေသည့်နာကျင်မှုနှင့်အတူ မျက်ဝန်းအစုံကို ရုတ်တရက်ဖွင့်လိုက်တော့ စူးရှလွန်းလှသည့်အလင်းရောင်က မျက်စိကိုစူးလွန်းစေတာကြောင့် အလျင်အမြန်မျက်လုံးပြန်ပိတ်လိုက်သည် ။ တစ်ခဏ အကြာမှသာ မျက်လုံးကိုဖြည်းငြင်းစွာ ပြန်ဖွင့်လိုက်ကာ ပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သည် ။ ဝင်းလက်နေသည့် အဖြူရောင် မျက်နှာကျက်နှင့် ခပ်စူးစူးရနေသည့် ပိုးသတ်ဆေးနံ့တို့ကြောင့် သူ နှစ်ဆယ့်တစ်ရာစုကို ပြန်ရောက်နေပြီမှန်း ခန့်မှန်းမိလိုက်သည် ။

အာခေါင်တွင်းမှ အနည်းငယ်ခြောက်ကပ်ကပ်ဖြစ်နေတာကြောင့် ရေ၏အထိအတွေ့ကိုလိုအပ်နေသည် ။ ထို့ကြောင့် ခေါင်းလေးကိုစောင်းကာ နံဘေးရှိစားပွဲခုံပေါ်သို့လှမ်းကြည့်လိုက်သည် ။ ထိုစဉ် အသက်ခပ်ငယ်ငယ် အမျိုးသမီးလေးတစ်ဦးသည် ရေဗူးကိုင်၍ ဆေးရုံအခန်းတွင်းသို့ဝင်လာသည် ။ ထိုအမျိုးသမီးငယ်လေးသည် သူ့ကိုမြင်တော့ မျက်လုံးပြူးသွားပြီး ပါးစပ်မှလည်း ဒေါက်တာ၏နာမည်ကို အော်ခေါ်ကာ အခန်းပြင်သို့တစ်ဖန်ပြန်ပြေးထွက်သွားလေသည် ။

“ ဒေါက်တာဂျောင်မင်အုရေ...လာပါဦး လာပါဦး...ဒီမှာ အစ်ကိုနိုးလာပြီ ”

အမျိုးသမီးငယ်လေး၏ အော်သံကြောင့် ထယ်ယောင်းပင် လန့်သွားသည် ။ တကယ်ကိုပဲ ဒီကလေးမက အရင်လို စွာစိတုန်း ။ မကြာလိုက်ပါ ဒေါက်တာဂျောင်မင်အုနှင့်အတူ သူနာပြုတစ်အုပ်လုံးရောက်ချလာကာ ထယ်ယောင်းကို စစ်ဆေးသည် ။

ထယ်ယောင်းသည် လွန်ခဲ့သော သုံးနှစ်က ကား accident ကြောင့် ကိုမာဝင်ခဲ့ရသည် ။ လူသားသစ်ပင် အဖြစ်သုံးနှစ်လုံး ကုတင်ပေါ်တွင် လှဲလျောင်းနေရသည်ဖြစ်သောကြောင့် အကြောများဆိုင်းကာ လှုပ်ရှားသွားလာမှုလုပ်ရန်မလွယ်ကူပေ ။ ထို့အတွက် ယခင်လိုပုံမှန်သွားလာနိုင်စေရန် လေ့ကျင့်ခန်းများပြုလုပ်ရန်လိုအပ်သည် ။ ထိုမတိုင်မီတော့ ဝှီးချဲလ် ကိုသာအသုံးပြုမည်ဖြစ်သည် ။

ဒေါက်တာဂျောင်မင်အု ကစစ်ဆေးစရာရှိသည်များကိုစစ်ဆေးပြီး မှားကြားစရာရှိသည်များကို မှာကြားကာ သူနာပြုတစ်အုပ်လုံးကိုခေါ်၍ အပြင်သို့ပြန်ထွက်သွားသည်။ ထိုအခါ ဆေးရုံခန်းထဲ၌ သူနှင့် အမျိုးသမီးငယ်လေးတို့သာ ကျန်ခဲ့သည် ။ အမျိုးသမီးငယ်လေးက သူ့ကိုပြူး၍ကြည့်နေသေးသည်ဖြစ်သောကြောင့် သူ့ဘက်ကပင် စကားစလိုက်သည် ။

I'm Not A Girl |TK|✓Where stories live. Discover now