အမဲလိုက်ပွဲ

1.9K 233 22
                                    

(Unicode)

အပိုင်း - ၁၉

ဆောင်းဦးအကြိုအမဲလိုက်ပွဲသည် ထယ်ယောင်းတို့အမဲလိုက်ကွင်းသို့ ရောက်ပြီးမကြာမီအချိန်မှာပင်စတင်သည် ။ တော်ဝင်မင်းသားငါးပါးသည် မိမိတို့၏အဖွဲ့အသီးသီးနှင့် ငါးဖွဲ့ဖွဲ့ကာယှဉ်ပြိုင်ရမည်ဖြစ်သည် ။ နောက်ဆုံးအမှတ်အများဆုံရရှိမည့် မင်းသားအုပ်စုကအနိုင်ရရှိမည်လည်းဖြစ်သည် ။

အမှတ်သတ်မှတ်ပုံကတော့ ထူးခြားသွားသည်မရှိ ။ ထုံးစံအတိုင်းပင် ယုန် နှင့် ရှဉ့်ကဲ့သို့သောအကောင်ငယ်လေးများကိုပစ်နိုင်ပါက တစ်ကောင်လျှင် တစ်မှတ် ၊ သမင် နှင့် ဒရယ်ကဲ့သို့သောအကောင်များကိုပစ်နိုင်ပါက တစ်ကောင်လျှင် သုံးမှတ်ရရှိမည်ဖြစ်ပြီး တောဝက်ကဲ့သို့သောအကောင်ကြီးကို ပစ်နိုင်မည်ဆိုပါက တစ်ကောင်လျှင် ငါးမှတ်ရရှိမည်ဖြစ်သည် ။

တော်ဝင်အမဲလိုက်ကွင်းတွင် တောဝက်သည်သာအကြီးဆုံးသောသားကောင်ဖြစ်သည် ။ အခြားအန္တရာယ်ရှိသည့် ဆင် ၊ ကျား နှင့် ဝံပုလွေကဲ့သို့သောသားရိုင်းများကတော့မရှိပေ ။ ပြောရလျှင် တောဝက်ဆိုသည့်သားကောင်မှာလည်း အန္တရာယ်ရှိသည့်သားကောင်များထဲတွင်ပါဝင်သည် ။ ရိုင်းစိုင်းလွန်းလှသောတောဝက်တို့သည် လူများအားအသက်သေသည်အထိကို တိုက်ခိုက်နိုင်သည် ။ ထို့ကြောင့် ဤအမဲလိုက်ပွဲသည် အနည်းနှင့်အများတော့အန္တရာယ်များလှသည် ။

အမဲလိုက်ပွဲ၏စည်းကမ်းချက်များကိုပြောပြီးသည့်အချိန်တွင် တော်ဝင်မင်းသားတို့သည် အမဲစလိုက်ရန်အတွက် အဆင်သင့်ပင်ဖြစ်နေကြပြီဖြစ်သည် ။ ဗုံတီးသံ သုံးချက်ထွက်လာပြီးသည့်နောက်တွင်တော့ အုပ်စုကြီးငါးစုသည် တောအုပ်အတွင်းသို့ အရှိန်အဟုန်ဖြင့်တိုးဝင်သွားကြတော့သည် ။

အုပ်စုတစ်စုတွင် အမဲလိုက်သူ ငါးယောက်မျှပါဝင်ပြီး ဂျောင်ကု၏ အုပ်စုတွင်တော့ လူခြောက်ယောက်ပါဝင်သည် ။ သို့သော် ငါးယောက်ဟုသာသတ်မှတ်ထားသည် ။ အဘယ်ကြောင့်ဆိုသော် ထယ်ယောင်းကို အမဲလိုက်သူစာရင်းထဲတွင် ထည့်မသွင်းသောကြောင့်ပင် ။ လူတိုင်းက ထယ်ယောင်းကို အပျော်လိုက်ကစားသူဟုသာသတ်မှတ်ထားကြသည် ။ ဒါကို ထယ်ယောင်းကိုယ်တိုင်ကပင်မသိပဲ ကိုယ့်အတွေးနဲ့ကိုယ် မြူးတူးလျက်ရှိသည် ။

I'm Not A Girl |TK|✓Kde žijí příběhy. Začni objevovat