ထက်မြက်လှသည့် ကြင်ယာတော်

1.7K 245 13
                                    

(Unicode)

အပိုင်း - ၂၄

ဂျောင်ကု၏ အစ်ကိုတော်ဖြစ်သူမြို့စားမင်းသည် ရာထူးအာဏာအားဖြင့် အင်အားကြီးမားလွန်းသောသူတစ်ယောက်ဖြစ်သည် ။ ယခု ထယ်ယောင်းစဉ်းစားမိထားသည့် နည်းလမ်းအရ မည်သည့်ပုံစံနှင့်မဆို နန်းတွင်းညီလာခံသို့တက်ရောက်နိုင်ရန်ပင်ဖြစ်သည် ။ သို့သော် ထယ်ယောင်းသည် မင်းသားတစ်ပါး၏ ကြင်ယာတော်ဖြစ်တာကြောင့် နိုင်ငံ့အရေးအခင်းကိစ္စများတွင် ပါဝင်ပတ်သက်နိုင်ခွင့်မရှိပေ ။ ထို့ကြောင့် စစ်ကူအမြန်ဆုံးလွှတ်ဖို့ရန်အတွက် အစ်ကိုတော်ကိုသာ အပူကပ်ရတော့ပေမည် ။

ထယ်ယောင်းစဉ်းစားနေရင်း တဖြည်းဖြည်းညနေစောင်းလာပြီဖြစ်တာကြောင့် အခန်းပြင်သို့ခေတ္တထွက်ပြီး လေကောင်းလေသန့်ရှုရန်စဉ်းစားမိသည် ။ စိတ်ပူပန်နေသည်ဖြစ်တာကြောင့် ညစာကိုတော့စားချင်မရှိတော့ပြီဖြစ်သည် ။

" ကြင်ယာတော် "

အခန်းပြင်ထွက်၍ ဝရံတာ၌ လေညှင်းခံနေစဉ် ယန်လေး၏ခေါ်သံကြောင့် ယန်လေးအားလှည့်ကြည့်မိသည် ။

" ဘာဖြစ်လို့လဲ ယန်လေး "

" ကြင်ယာတော်...မြို့စားမင်းက ကြင်ယာတော်နဲ့တွေ့ဆုံချင်လို့ပါတဲ့ "

" ဟင်...အစ်ကိုတော် ရောက်လာတာလား ? "

" ဟုတ်ပါတယ် ကြင်ယာတော်...အခု လမင်းပွဲကြည့်စင်မှာ စောင့်နေပါတယ် "

" ကောင်းပြီ...ငါအခုချက်ချင်းသွားမယ် "

နေ့လယ်ခင်းလောက်ကတည်းက တွေ့ချင်နေမိသူသည် လူကိုယ်တိုင်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသောကြောင့် ထယ်ယောင်းဝမ်းသာမိသည် ။ ဝေးဝေးနေမှ တစ်ခါတွေ့ဆုံဖြစ်သည့် အစ်ကိုတော်က လူကိုယ်တိုင်ရောက်လာသည်ဖြစ်သောကြောင့် အရေးကြီးကိစ္စတစ်ခုရှိနေ၍ပင်ဖြစ်နိုင်သည် ။

ဝမ်းသာစိတ်နှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် လမင်းပွဲကြည့်စင်သို့ သွားရာလမ်းတွင် ထယ်ယောင်း၏ခြေလှမ်းတို့က သွက်လက်နေပြီး သိပ်မကြာလိုက်ချိန်မှာပင် ပွဲကြည့်စင်သို့ရောက်သွားသည် ။ ပွဲကြည့်စင်ပေါ်တွင် အကျအနထိုင်၍ အိန္ဒြေတစ်ခွဲသားဖြင့်ထိုင်နေသည့် အစ်ကိုတော်သည် အမှန်ပင်ကြည့်လို့ကောင်းသည်ဖြစ်သော်လည်း ဂျောင်ကုက ပိုခန့် ၊ ပိုချော ၊ ပိုစမတ်ကျသည်ဟု ထယ်ယောင်းထင်မိသည် ။

I'm Not A Girl |TK|✓Where stories live. Discover now