နန်းတော်သို့ဝင်ရောက်ခြင်း

2.4K 299 20
                                    

(Unicode)

သာမန်မင်းသားတစ်ပါးသည် နန်းတော်အပြင်ဖက်၌ ကိုယ်ပိုင်အိမ်တော်ရပြီးလျှင် နန်းတော်ထဲသို့ဝင်ရသည် ဆိုတာရှားသည် ။ ၎င်းကအင်ပါယာမင်းသားတွေနှင့်တော့ အနည်းငယ်ကွာခြားသည် ။ အင်ပါယာမင်းသားတို့သည်သည် နန်းတော်အပြင်ဘက်၌ ကိုယ်ပိုင်အိမ်တော်နှင့်နေထိုင်ပြီးသော်လည်း နန်းတော်ထဲ၌ တွေ့ချင်တဲ့သူရှိပါက စိတ်ကြိုက်ဝင်ထွက်ခွင့်ရှိသည် ။ ထိုနေရာ၌ ဂျောင်ကုကအင်ပါယာမင်းသားတစ်ပါးမဟုတ်သော်လည်း စစ်သူကြီးဆိုသည့်ရာထူးလည်းရှိနေတာကြောင့် နန်းတော်ကိုစိတ်ကြိုက်ဝင်ထွက်ခွင့်ရှိသည် ။

ဂျောင်ကုကပုံမှန်ဆိုလျှင် နန်းတော်ထဲသို့အလုပ်ကိစ္စမှလွှဲ၍ သိပ်ဝင်လေ့မရှိသော်လည်း ယနေ့ကတော့ ဂါရဝပြုဖို့ရန်အတွက်နန်းတော်သို့ဝင်ရမည်ဖြစ်သည် ။

ဝတ်စုံဆင်တူဝတ်ထားသည့်စုံတွဲသည် လှည်းပေါ်သို့တက်ပြီးနောက်တွင် သေချာစွာနေရာယူလိုက်သည် ။ အနှီကြင်စဦးမောင်နှံတို့ နေရာယူပြီးသည့်နောက်တွင်တော့ မြင်းနှစ်ကောင်ဆွဲသည့် လှည်းသည် လှုပ်လီလှုပ်လဲ့ဖြင့်  နန်းတော်လမ်းဆီသို့ ထွက်ခွာလာသည် ။

လှည်းအတွင်း၌....

“ အချစ်... ထယ် ပြောထားတာတွေမမေ့နဲ့နော် လူတွေရဲ့အမြင်မှာ ထယ်တို့ကအရမ်းချစ်ကြတဲ့ စုံတွဲလိုဟန်ဆောင်ရမယ် ... နော် နော် ”

“အင်း ကိုယ်မမေ့ပါဘူး... တကယ်လို့ ကိုယ်တို့ဒီနေ့ ဂါရပြုတဲ့အချိန် ဘုရင်ကပဲဖြစ်စေ ၊ မိဖုရားတွေကဖြစ်စေ လက်ဆောင်တစ်ခုခုပေးခဲ့ရင် လုံးဝမငြင်းနဲ့နော်....ယူလိုက် ”

“ အင်း ... ပြီးတော့လေ အခေါ်အဝေါ်ကိုမနေ့ကပြောသလိုပဲ ဘေဘီလို့ခေါ်နော် ”

“ အင်းပါ... ဒါနဲ့ အဲ့လိုကြီးက အချိန်တိုင်းခေါ်နေဖို့ အဆင်ပြေလို့လား ? ပြောနေကျမဟုတ်တော့ တစ်မျိုးကြီးပဲ ”

“ ဘာလို့ အဆင်မပြေဖြစ်ရမှာလဲ...ဒါက အစပိုင်းမလို့နေမှာပေါ့...များများသာခေါ် နောက်ဆို အသားကျသွားလိမ့်မယ်....အိမ်တော်မှာလည်းခေါ် ၊ အပြင်ရောက်လည်းခေါ် ၊ ဘယ်သူမှမသိလည်းခေါ်...အိုး...လူတွေရှေ့မှာခေါ်ရင်ပိုတောင်ကြိုက်သေးတယ်...ဘာလို့ဆို ထယ်က PDA လုပ်ရတာကိုသဘောကျတယ်လေ ဟိဟိ ”

I'm Not A Girl |TK|✓Where stories live. Discover now