မင်းသားယူဂျင်

2.2K 232 10
                                    

(Unicode)

မှောင်ရီပျိုးစအချိန်တွင် ချောမောခန့်ညား‌၍ ရာဇမာန်အပြည့်ပါသည့် လူငယ်တစ်ဦးသည် သန်စွမ်းကြံခိုင်သော အုန်းခွံရောင်မြင်းကြီးကို စီး၍ ရှီလာမြို့တော်လမ်းတစ်လျှောက်တွင် ပြေးလွှားနေသည် ။ ဒေါင်မြင့်မြင့်နှင့် ခွာကောင်းလွန်းသောအုန်းခွံရောင်မြင်း၏ ပြေးလွှားချက်များကြောင့် မြေပြင်ပေါ်က မြက်ပင်ငယ်လေးများသည် အမြစ်မှတစ်ဖွားဖွားကျွတ်ထွက်ကုန်သည် ။

မြို့တော်လမ်းတစ်လျှောက်တွင် ဖုန်တစ်ထောင်းထောင်းထနေအောင် မြင်းစီးလာသောသူကြောင့် လမ်းမပေါ်တွင်သွားလာနေသော လူများကလည်း အလျင်အမြန်ပင် လမ်း‌ဖယ်ပေးကြသည် ။ ထိုကဲ့သို့ အရှိန်အဟုန်နှင့်ပြေးလွှားနေသောမြင်းသည် ရှီလာမြို့စားမင်း၏ အိမ်တော်ရှေ့ရောက်သောအခါ တဟီဟီမြည်၍ ရပ်သွားလေသည် ။

မြင်းကိုစီးလာသော လူရွယ်သည် မြင်း၏ဇက်ရှိန်ကိုသတ်ပြီးသည့်နောက်တွင် မြင်းပေါ်မှဆင်းလိုက်ကာ မြင်းဇက်ကြိုးအားအနားတွင်ရှိနေသည့် အစောင့်တစ်ယောက်ဆီသို့ပေးလိုက်ကာ သူကတော့ မြို့စားအိမ်တော်တွင်းသို့ဝင်သွားသည် ။ သူအိမ်တော်တွင်းသို့ဝင်လာသောအခါ မြို့စားမင်း၏အိမ်တော်ထိန်းဆိုသူက မြို့စားမင်း စာဖတ်ခန်းတွင်ရှိနေကြောင်းပြော၍ သူလည်း စာဖတ်ခန်းဆီကိုသာ ဦးတည်လိုက်သည် ။

မြို့စားမင်း၏စာဖတ်ခန်းသည် အတော်လေးကိုကျယ်ပြီး လေဝင်လေထွက်လည်းကောင်းသည် ။ အခန်းဖွဲ့စည်းပုံ‌သေသပ်မှုကြောင့် စာဖတ်ခန်းက အလင်းရောင်ကောင်းစွာရပြီး လူတိုင်းကိုဆွဲဆောင်နိုင်သည် ။ သူစာဖတ်ခန်းထဲရောက်သွားတော့ ပါးလွှာသောစာရွက်ဖြူပေါ်တွင် သေသပ်လှပသော စုတ်ချက်တို့ကို ဆွဲနေသောလူတစ်ဦးကိုတွေ့လိုက်ရသည် ။ ထို့ကြောင့် သူလည်း လက်နှစ်ဘက်ကို ယှက်တင်လိုက်ပြီး ယဉ်ကျေးစွာဂါရဝပြုလိုက်လေသည် ။

“ အစ်ကိုတော်...ညီတော်ရောက်ပါပြီ ”

ထိုအစ်ကိုဝောာ်ဟူသည့် မြို့စားမင်းသည် ထိုအခါမှရေးနေလက်စကို ရပ်တန့်လိုက်ပြီး စုတ်တံကိုညင်သာစွာချလိုက်ကာ သူ့ကိုပြုံး၍ ကြည့်လာသည် ။

I'm Not A Girl |TK|✓Où les histoires vivent. Découvrez maintenant