Extra 2 : Forget About Tomorrow

2.7K 210 4
                                    

(Unicode)

ခွဲခွာရခြင်းရဲ့မနက်ဖြန်တွေကို‌မေ့ပြီး ပစ္စုပ္ပန်အတွက် ပျော်ရွှင်ခြင်းအဆုံးသတ်လေးကို ဖော်ဆောင်ကြည့်ကြရအောင်လား....

------------------------------------------------------------

ရွာငယ်လေး၏ကပ်ရောဂါကာလလွန်မြောက်ပြီးသွားလေသောအခါတွင် သမားတော်များသည် မြို့တော်သို့ပြန်သွားကြသည် ။ ထယ်ယောင်း နှင့် ဂျောင်ကုတို့ကတော့ ရွာငယ်လေး၌သာနေခဲ့ပြီး ဤရွာလေးတွင် စိတ်ချမ်းသာသလောက်နေထိုင်သွားဖို့ရန်ဆုံးဖြတ်ထားသည် ။

ရွာငယ်လေး၏တောင်ဘက်ရှိမြေကွက်လပ်ရိုင်းကြီးအား ရွာသူရွာသားတို့အကူအညီဖြင့် သေချာစွာပြုပြင်ပြီးသည့်နောက်တွင် ထိုမြေကွက်လပ်၌ပင် ဂျောင်ကုက ထယ်ယောင်းနှင့်အတူနေထိုင်ရန်အတွက် တစ်အိုးတစ်အိမ်ထူထောင်ခဲ့သည် ။ တစ်အိုးတစ်အိမ်ဟုဆိုသော်လည်း အနှီအိမ်လေးက လူနှစ်ဦးကောင်းမွန်စွာနေထိုင်ဖို့ရန်အတွက်သာ အဆင်ပြေသည် ။ အိမ်ငယ်လေးထဲတွင် အိပ်ခန်းတစ်ခန်း ၊ စားဖိုဆောင်တစ်ခန်း နှင့် အိမ်လယ်ခန်းတစ်ခန်းသာပါရှိပြီး အိမ်ရှေ့တွင်တော့ ကွပ်ပျစ်လေးတစ်ခုအား သပ်ရပ်စွာဆောက်လုပ်ထားသည် ။ ထို့ပြင် အိမ်အနောက်ဖက်တွင်တော့ ရေချိုးဖို့ရန်အတွက် လူနှစ်ဦးဆန့်သည့် ရေဇလုံကျယ်ကြီးတစ်ခုပါရှိသည့် ရေချိုးခန်းငယ်လေးတစ်ခုရှိသည် ။

ခြံဝင်း၏လက်ယာဘက်ဘေးတွင်တော့ စတော်ဘယ်ရီပင်လေးများစိုက်ထားသည့် စင်တစ်ခုရှိပြီး လက်ဝဲဘက်တွင်တော့ ဟင်းစားသီးနှံပင်များအား စိုက်ပျိုးထားသည် ။ ဂျောင်ကုက ထယ်ယောင်းနှင့်အတူ ရိုးရှင်းလှသည့်ဘဝလေးအားဖြတ်သန်းချင်တာကြောင့် ငွေကြေး ၊ ဂုဏ်သိက္ခာ ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများအားလုံးအားခဝါချကာ ဤရွာငယ်လေးသို့ ရအောင်လာခဲ့သည် ။

ထိုအကြောင်းကို စိုက်ပျိုးထားသည့် နွေဦးကြက်သွန်များအား ရေလောင်းနေသည့် ထယ်ယောင်းကတွေးမိလိုက်တာကြောင့် ပြုံးလိုက်သည် ။ ဂျောင်ကုရဲ့ တွေးခေါ်မှုအစအဆုံးတိုင်းက သူ့အတွက်ချည်းသာလျှင်မဟုတ်ပါလား ။ ဂျောင်ဂုက သိပ်ကိုချစ်တတ်လွန်းပါသည် ။ နှုတ်ဖျားကထွက်သည့် အချစ်စကားလုံးတွေတိုင်းကသာလှပလွန်းသည်မဟုတ်ဘဲ ဂျောင်ကု၏အပြုအမူတစ်ခုချင်းစီတိုင်းက ထယ်ယောင်းအား အတိုင်းအဆမရှိမြတ်နိုးလှကြောင်းသိသာထင်ရှားသည် ။

I'm Not A Girl |TK|✓Tempat cerita menjadi hidup. Temukan sekarang