မန်ဒရင်းမီးပုံးလေး

2.2K 283 11
                                    

(Unicode)

“ အချစ်....ထယ်တို့ မီးပုံးလေးဝယ်ကြရအောင် ”

မီးပုံးလေးတစ်လုံးကိုင်၍ ပြောလာသည့် ထယ်ယောင်း၏စကားလုံးတို့က ဂျောင်ကုအား ငြင်းဆန်ဖို့ရန်အတွက်အင်အားမဲ့စေသည် ။

“ အင်း...လိုချင်ရင် ဝယ်လိုက်လေ မီးပုံးလေးတစ်လုံးပဲဟာ ”

“ အွန်း....ဒါဆို တစ်လုံးလောက်ဝယ်ရအောင်...ဆိုင်ရှင် ကျွန်မကို အရည်အသွေးမြင့်တဲ့ မီးပုံးလေးပြပေးပါ ”

ပျော်ရွှင်နေပုံရသည့် ဆိုင်ရှင်ကလည်းချက်ချင်းပင် ဆိုင်အနောက်ဘက်ကိုဝင်သွားကာ အရည်‌အသွေးမြင့် မီးပုံးလေးတစ်လုံးကိုယူလာပေးသည် ။

“ သခင်မလေး...ဒီမှာကြည့်ပါ ဒီမီးပုံးကကျွန်တော့်ဆိုင်မှာရှိတဲ့ အရည်အသွေးအကောင်းဆုံးသောမီးပုံးပါ...စက္ကူအရည်အသွေးကလည်း ထိပ်တန်းဖြစ်ပြီးတော့ ပြုလုပ်ထားတာကလည်း တော်တော်လေးကိုအသေးစိတ်ပြီးသေသပ်လှပါတယ် ”

ထယ်ယောင်းလည်းဆိုင်ရှင်ပြလာသည့်မီးပုံးကိုကိုင်ကြည့်လိုက်တော့ ဆိုင်ရှင်ပြောသလိုပင် မီးပုံးအရည်အသွေးကမြင့်မှန်းသိသာလှသည် ။ ဒါ့အပြင် မီးပုံးမျက်နှာပြင်မှာဆွဲထားသည့် ပန်းချီလေးက ‘ မန်ဒရင်း ဘဲရိုင်း ’ စုံတွဲပုံလေးဖြစ်သည် ။

“ ဪ... ဒါလေးက မန်ဒရင်းဘဲရိုင်း စုံတွဲလေးမလား ”

“ အာ...သခင်မလေးက ထက်မြက်လှပါတယ်...ဒါကတကယ်ကို မန်ဒရင်းဘဲရိုင်းစုံတွဲပါ....ဒါကြောင့် ဒီမီးပုံးလေးက သခင်မလေးတို့လိုငယ်ရွယ်တက်ကြွတဲ့စုံတွဲနဲ့ အင်မတန်ကိုလိုက်ဖက်လွန်းလှပါတယ် ”

ဆိုင်ရှင်၏စကားကြောင့် ဂျောင်ကုလည်း ချောင်းအသာဟန့်လိုက်ပြီး

“ အဟမ်း...ဝယ်မယ်ဆိုဝယ်လိုက်တော့လေ... ဘာတွေစကားများနေစရာလိုသေးလို့လဲ ”

“ အချစ်ကလည်း ဘာတွေစိတ်မရှည်ဖြစ်နေတာလဲ ဝယ်မှာပေါ့လို့...ဆိုင်ရှင် ဒါဆိုဒီမီးပုံးလေးပဲယူလိုက်မယ် ”

“ ကောင်းပါပြီ ကောင်းပါပြီ.... ငွေတစ်တုံး ကျသင့်ပါတယ် သခင်မလေး ”

I'm Not A Girl |TK|✓Where stories live. Discover now