မင်္ဂလာအိပ်ခန်းဟူသည်

3K 307 22
                                    

(Unicode)

အတွေးပေါင်းမြောက်များစွာဖြင့် အိပ်မပျော်နိုင်သည့် ညအားလွန်လေပြီးသော် နောက်တစ်ရက်၏ လင်းကြက်တွန်ချိန်ကိုရောက်လို့လာခဲ့ပြီဖြစ်သည် ။ အပြင်ဘက်မှ လင်းကြက်တွန်သံကိုကြားနေရပြီဖြစ်သော်လည်း ဂျောင်ကုမှာအခုထိတိုင် အိပ်မပျော်သေးချေ ။ ညကသူ့ကြင်ယာ‌တော်ဖြစ်သူ၏ စကားတို့ကြောင့် ရေရေရာရာမပြောနိုင်သည့်အကြောင်းအရာတို့အား ခန့်မှန်းမိသလိုရှိလာသည် ။

ယခုလက်ရှိ ရှီလာဘုရင်မင်းမြတ် ဂျောင်ကု၏ဖခမည်းတော်ထံတွင် (ကိုယ်လုပ်တော်တို့၏သားများကိုထည့်မတွက်ပါက) သားတော်ငါးပါးရှိသည် ။ အခြားသမီးတော်များကိုထည့်မပြောဦးနှင့်...။ လက်ရှိသားတော်ငါးပါးတွင် အကြီးဆုံးသားတော်မှာ အိမ်ရှေ့စံဖြစ်ပြီး ဘုရင်နှင့် မိဖုရားကြီး တို့၏တစ်ဦးတည်းသော သားတော်ဖြစ်သည် ။

ဒုတိယသားတော်မှာ ဂျောင်ကု၏မွေးချင်းအစ်ကိုတော် မင်းသားယူဂျင်ဖြစ်ပြီး လက်ရှိတွင် ရှီလာမြို့စားမင်းအဖြစ်တာဝန်ယူထားသူလည်းဖြစ်သည် ။
တတိယကတော့ ဂျောင်ကုဖြစ်ပြီး ဟွာရန်းတပ်ဖွဲ့၏စစ်သူကြီးဖြစ်သည် ....မင်းသာယူဂျင် နှင့် မင်းသားဟွမ်ဂျင် (ဂျောင်ကု) တို့နှစ်ဦး၏ မယ်တော်မှာ ဂိုဂူလျောဘက်မှဆက်သလာသည့် ငြိမ်းချမ်းရေးသင်္ကေတမင်းသမီးတစ်ပါးဖြစ်ပြီး ရှီလာဘုရင်၏ ဒုတိယမြောက်ကြင်ယာတော်ဖြစ်သည် ။ ဂျောင်ကု ကိုမွေးဖွားပြီး ခုနစ်နှစ်အကြာတွင် အနှီဂိုဂူလျောမင်းသမီးသည် ရေကျောက်ရောဂါဖြင့် နတ်ရွာစံခဲ့သည် ။

ဘုရင့်တတိယမြောက်ကြင်ယာတော်သည် နန်းရင်းဝန်အမတ်ကြီး၏ သမီးတစ်ဦးဖြစ်ပြီး ဂျောင်ကုတို့၏ မယ်တော်နတ်ရွာစံပြီး တစ်ပတ်အကြာတွင် နန်းတွင်သို့ဝင်ရောက်၍ ဘုရင့်ကြင်ယာတော်တစ်ပါး ဖြစ်လာသူဖြစ်သည် ။

အနှီကြင်ယာတော်မှ အမြွှာသားတော်နှစ်ပါး ထွန်းကားခဲ့ပြီး လက်ရှိတွင် အသက်နှစ်ဆယ်အရွယ်ရှိနေပြီဖြစ်သည် ။ အမဲလိုက်ရသည်ကို ဝါသနာထုံပြီး ကာမအရာတွင်လိုက်စားလွန်းသောကြောင့် ဘုရင်ကိုယ်တိုင်ပင် လက်လျော့ထားရသောသူများဖြစ်သည် ။

I'm Not A Girl |TK|✓Where stories live. Discover now