စစ်ထွက်တော့မည်

1.9K 224 3
                                    

(Unicode)

အပိုင်း - ၂၁

ထိုရှက်စရာကိစ္စပြီးဆုံးပြီးနောက်တွင် ထယ်ယောင်းနှင့် ဂျောင်ကုတို့ တဖြည်းဖြည်းဝေးလာသည်ဟုခံစားရသည် ။ ၎င်းမှာ ရန်ဖြစ်ထား၍လည်းမဟုတ်သလို ၊ စိတ်‌ဆိုးနေကြ၍လည်းမဟုတ် ။ နှစ်ဦးစလုံးလိုလို ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေကြ၍ဖြစ်သည် ။ ထယ်ယောင်းကလည်း စားသောက်ဆိုင်ကိစ္စနှင့် အလုပ်များနေခဲ့သလို ဂျောင်ကုကလည်း မနက်အစောကြီးဆိုလျှင် ဟွာရန်းတပ်ကိုသွားသကဲ့သို့ ညဆိုလျှင်လည်း နောက်ကျမှပြန်ရောက်လာတတ်သည် ။

ထို့ကြောင့် နှစ်ယောက်သားတွေ့ဆုံချိန်သည် အရင်ကထက်ပို၍နည်းပါးသွားသည် ။ ဂျောင်ကုမှာ အစားပုံမှန်စားဖို့အချိန်မရှိသလောက်ကို အိမ်မကပ်တော့သောကြောင့် ထယ်ယောင်းလည်းအရင်လို ဘာဆိုဘာမှချက်ပြုတ်ခြင်းမရှိပဲ စိုက်ရာနှင့်အားဟူတို့ဆီ၌သာ သောင်တင်နေလေ့ရှိသည် ။

စားသောက်ဆိုင်၏ လေးထပ်မြောက်ပြတင်းပေါက်ကိုမှီ၍ ပင်လယ်ပြင်ကြီးကိုငေးကြည့်နေသည့် ထယ်ယောင်းသည် မြောက်များစွာသောအတွေးတို့ကိုဖြန့်ကျက်နေလျက်ရှိသည် ။ ယခုဆိုလျှင် သူရှီလာခေတ်ကိုရောက်လာခဲ့သည်မှာ လေးလနီးပါးပင်ရှိနေပြီဖြစ်သည် ။ နှစ်ဆယ့်တစ်ရာစုတွင်ကျန်ခဲ့သည့် သူ၏ခန္ဓာကိုယ်မှာ အကောင်းအတိုင်းပင်ရှိနေသေးသလော ၊ ကျိုးကန်း၍ပျက်စီးကုန်ပြီလော ဟူ၍လည်းသူမသိ ။

မမျှော်လင့်ပဲ ရှီလာခေတ်သို့အဘယ်ကြောင့်ရောက်လာရသည်ကိုလည်းသူမသိ ။ သေချာသည်တစ်ခုကတော့ ဒါဟာအိမ်မက်တစ်ခုမဟုတ်သလို အစစ်အမှန်လို့လည်း သူမခံစားရပါချေ ။ လွန်ခဲ့သည့် တစ်လခန့်မှစ၍ နှစ်ဆယ့်တစ်ရာစုမှ သူ၏ခန္ဓာကိုယ်သည် လူသားသစ်ပင်ကဲ့သို့ ဆေးရုံခန်းတစ်ခုအတွင်း ငြိမ်သက်စွာလှဲလျောင်းနေရသည်ကို အိမ်မက်မက်သည် ။

၎င်းအိမ်မက်ကြောင့် ယခုသူရရှိထားသောခန္ဓာကိုယ်သည် သူ့အပိုင်မဟုတ်ကြောင်းခံစားမိလာသည် ။ ထိုခံစားချက်ကြောင့် သူဟာတစ်နေ့လျှင် ဒီကမ္ဘာမှထွက်သွားရမည့်သူတစ်ယောက်ကဲ့သို့ထင်လာမိသည် ။ အကယ်၍ သူပျောက်ကွယ်သွားလျှင် ကျန်ရှိခဲ့မည့် ကင်မ်ထယ်ယောင်း၏ ခန္ဓာကိုယ်အတွင်း မူလဝိဉာဏ်ကပြန်ရောက်လာမည်လား ၊ ဒါမှမဟုတ် ပျက်စီး၍ သွားမည်လား သူမသိ ။

I'm Not A Girl |TK|✓Where stories live. Discover now