ချဉ်ပေါင်သီးများ

2.2K 275 4
                                    

(Unicode)

ထယ်ယောင်း၏ မိဘအိမ်မှပြန်ရောက်ပြီးသည့်နောက်တွင် ထယ်ယောင်းသည်လည်း အိမ်တော်၏ အနောက်ဆောင်သို့ပြောင်းရွှေ့ခွင့်ရခဲ့သည် ။ အိမ်တော်တစ်ခု၏ အနောက်ဆောင်ဆိုသည်မှာ ပဏာမဇနီး ၊ ကိုယ်လုပ်တော်နှင့် သားသမီးတို့၏ နေထိုင်ရာခြံဝန်းဖြစ်သည် ။

တော်ဝင်မင်းသားတစ်ပါး၏ အိမ်တော်ဖြစ်သောကြောင့် အိမ်တော်တစ်ခုထဲမှာပင် အဆောင်ပေါင်းက မြောက်များစွာရှိသည် ။ ဂျောင်ကု ကအိမ်တော်အရှင်သခင်ဖြစ်တာကြောင့် အိမ်တော်၏ အရှေ့ဆောင်တွင်နေထိုင်သည် ။  ထယ်ယောင်း သည်မည်သို့ပင် ပဏာမဇနီးဖြစ်စေကာမူ စည်းကမ်းအရ အနောက်ဆောင်တွင်သာကိုယ်ပိုင်ခြံဝန်းကျယ် တစ်ခုဖြင့်နေထိုင်ရမည်ဖြစ်သည် ။

အိမ်တော်တစ်ခုလုံးတွင် ဂျောင်ကုက အာဏာအရှိဆုံးဖြစ်သော်လည်း အနောက်ဆောင်ကိစ္စတို့ကိုမူ ပဏာမဇနီးဖြစ်သည့် ထယ်ယောင်းက စီမံရမည်ဖြစ်သည် ။ အရေးမကြီးသည့် ကိစ္စဆိုလျှင် ဂျောင်ကုကိုတင်ပြနေစရာမလိုဘဲ ထယ်ယောင်း၏ အမိန့်တစ်ခုနှင့်သာပြီးဆုံးအောင် ဖြေရှင်းနိုင်စွမ်းရှိသည် ။ ဤသည်မှာ ပဏာမဇနီးတစ်ယောက်၏ အိမ်တော်အတွင်း အာဏာစက်ပင်ဖြစ်သည် ။ အနောက်ဆောင်ကို စိတ်တိုင်းကျပြောင်းလဲခွင့်ရှိသလို အစေခံများကိုလည်းစိတ်တိုင်းကျ ခြယ်လှယ်ခွင့်ရှိသည် ။

စင်စစ်ပြောရလျှင် ဂျောင်ကုနှင့်ထယ်ယောင်းတို့သည် ကြင်စဦးမောင်နှံများဖြစ်သောကြောင့် ထယ်ယောင်းသည် ဂျောင်ကုနှင့်အတူ တစ်လတိတိ အရှေ့ဆောင်တွင်ကုန်ဆုံးရမည်ဖြစ်ဖြစ်သည် ။ သို့သော် ထယ်ယောင်းက ကိုယ်ပိုင်ခြံဝန်းနှင့် အေးအေးဆေးဆေးနေချင်သည်ဟု ပြောသောကြောင့် ဂျောင်ကုက ထယ်ယောင်းကို အလိုလိုက်ကာ အနောက်ဆောင်တွင် စောစီးစွာ နေခွင့်ပြုခဲ့ခြင်းဖြစ်သည် ။ သို့သော် တစ်စိတ်ကို တစ်အိတ်လုပ်ပြောတတ်သည့် လူတွေကြောင့် ဂျောင်ကုသည် ထိုတစ်လအတွင်း သူ၏ညအိပ်ချိန်များကို ထယ်ယောင်းနှင့်အတူ ကုန်ဆုံးမည်သာဖြစ်သည် ။

စည်းကမ်းအရ အနောက်ဆောင်တွင်ရှိသော ကိုယ်လုပ်တော်တို့သည် မနက်ခင်းတိုင်း ထယ်ယောင်းဆီသို့လာရောက်၍ ဂါရဝပြုရမည်ဖြစ်သည် ။ အနှီကိုယ်လုပ်တော်တို့သည် ထယ်ယောင်းအိပ်ရာမှမထသေးခင် အချိန်တွင်ရောက်ရှိလာသောကြောင့် ထယ်ယောင်း၏ ခြံဝန်းထဲရှိ မက်မွန်ပင်အောက်တွင် ရပ်စောင့်နေရသည် ။

I'm Not A Girl |TK|✓Where stories live. Discover now