လက်ဆက်ခြင်း

3.3K 328 17
                                    

(Unicode)

ရှီလာနိုင်ငံတော်.....

နိုင်ငံသုံးနိုင်ငံအနက် အသေးငယ်ဆုံးဖြစ်သည့် ရှီလာနိုင်ငံတော်သည် ပင်လယ်နှင့်အနီးဆုံးတွင်တည်ရှိတာကြောင့် ရေကြောင်းဆက်သွယ်ရေးတွင် အလွန်အားကောင်းသည် ။ ရှီလာသည် အခြားနိုင်ငံများကိုပါ ရေကြောင်းကုန်သွယ်ခွင့် ရရှိထားတာကြောင့် ဂိုဂူလျော ၊ ဘတ်ဂျယ်တို့ထက် အနည်းငယ်တိုးတက်သည်ဟုပြောလို့ရသည် ။ အနှီရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် မွန်ဂို ၊ တရုတ် လူမျိုးကုန်သည်တို့၏ ပစ္စည်းအဆန်းအပြားများအား အလျင်မြင်တွေ့ခွင့်ရသည့် နိုင်ငံဖြစ်တာကြောင့် ရှီလာသည် သေးငယ်သော်ငြား နတ်ဘုံကဲ့သို့သာယာသည့် နိုင်ငံတော်ကြီးဖြစ်သည် ။ ထိုတင်မကပဲ ကံသိပ်ကောင်းခဲ့လျှင်တော့ အနောက်ဥရောပဖက်မှ ကုန်သည်တို့နှင့်ပင် တွေ့ဆုံနိုင်သေးသည် ။ ထို့ကြောင့်လည်း ရှီလာနိုင်ငံတော်၏ ဝတ်စားဆင်ယင်မှုတို့က ခေတ်မှီပြီး တော်တော်လေးကိုလှပသည် ။

လူမျိုးပေါင်းစုံတွေ့နိုင်သည့် ရှီလာနိုင်ငံတော်ကြီးက တကယ်ကို ခေတ်မှီပြီး လှပလွန်းသည့် ယဉ်ကျေးမှုနိုင်ငံတော်ကြီးလည်းဖြစ်ပေသည် ။
ရှီလာနိုင်ငံကြီးကသိပ်ကိုလှပသော်လည်း မလှပနိုင်သည်ကတော့ ထယ်ယောင်း...။

မနေ့တစ်နေ့ကမှ ဝိဉာဏ်ကူးပြောင်းခံလိုက်ရသည့်အပြင် ကျင်လည်မှုမရှိသေးသည့် ရှေးခေတ်ကြီးထဲတွင် သူသည် လက်ထပ်ဖို့ရန်အတွက် ပြင်ဆင်နေရပေပြီ ။ မင်္ဂလာရက်ကအတိအကျကိုထွက်လာခဲ့ပြီဖြစ်ပြီး လကုန်တွင် လက်ထပ်ပွဲ ကျင်းပမည်ဖြစ်သည်။ တွက်ကြည့်တော့ လကုန်ဖို့က တစ်ပတ်သာကျန်တော့သည် ။

ထယ်ယောင်းအနေဖြင့် ဘာကိုမှပြင်ဆင်ဖို့ရန် အချိန်မရလိုက်ဘဲ တစ်ပတ်အတွင်းပင် အခြားသူ၏ အိပ်ဆောင်အတွင်သို့ ဝင်ရောက်ရပေ‌တော့မည် ။
သူသိချင်သည်က သူ၏ခင်ပွန်းလောင်းစစ်သူကြီးဆိုတာကရော တစ်ခါမျှ မမြင်ဖူးသည့်သူ့အား လက်ထပ်ချင်မည်တဲ့လား ။

စစ်သူကြီးသည် လက်ထပ်ရမည့်သူက ယောင်္ကျားမှန်း ၊ မိန်းမမှန်း သေချာမစုံစမ်းကြည့်ဘဲ လက်ဆက်ခြင်းအား အဘယ်ကြောင့် ပေါ့လျော့စွာသဘောတူခဲ့ရသနည်း။ ဘုရင်ကရော အဘယ်ကြောင့် သားတော်စစ်သူကြီးနှင့်လက်ဆက်ရန် ကင်မ်ထယ်ယောင်းအားရွေးချယ်ခဲ့သနည်း ။ အချက်အလက်ကျကျပြောရလျှင် ထယ်ယောင်းက ကုန်သည်တစ်ဦး၏သား ... အဲ့လေ... သမီးမဟုတ်ပေဘူးလား ။ 

I'm Not A Girl |TK|✓Nơi câu chuyện tồn tại. Hãy khám phá bây giờ